ဆက်ကြေးငွေအလွဲသုံးစားလုပ်သော RCSS/SSA အဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံထံ သို့ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျိုင်းတောင်းမြို့နယ်အတွင်း သစ်စက် များ၊ သစ်လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိသော ဆက်ကြေးငွေများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့တစ်ဖွဲ့မှ အလွဲသုံးစားလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းဒေသခံများထံမှ သတင်း ရရှိသည်။

“ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး ဒီမြို့နားပတ်ဝန်းကျင်ရွာတွေမှာ ရွက်ဆစ်အဖွဲ့က စစ်သားတွေ ခြေရှုပ်နေကြ တယ်၊ ကောက်ခိုင်းတဲ့ ဆက်ကြေးငွေတွေ လာမပေးလို့လိုက်ရှာနေတာလို့သိရတယ်၊ သူတို့ အချင်းချင်းကြားမှာလဲ ဖြတ်စားလတ်စားတွေရှိမှာပေါ့ ” ဟု ကျိုင်းတောင်းမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါအဖွဲ့မှ ကျိုင်းတောင်းခွင်အတွင်း ကောက်ခံရရှိသွားသော ဆက်ကြေးငွေ ပမာဏမှာ သိန်း(၅၀၀) အထက်တွင် ရှိနေကြောင်း သစ်လုပ်ငန်းရှင်တစ်ဦးကဆို သည်။

“ ဆက်ကြေးကောက်တဲ့ ခေါင်းဆောင်ရဲ့ မိန်းမကဒီကွန်ဟိန်းမြို့နယ်ထဲကလို့ သိရတယ်၊ သူ့မိန်းမ ဆီပြန်သွားပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွား တယ်လို့သတင်းထွက်နေတာပဲ” ဟု ကွန်ဟိန်းမြို့ခံ တစ်ဦးက ပြောသည်။

ယင်းဆက်ကြေးငွေများအား အလွဲသုံးစားလုပ်နေသော RCSS/SSA အဖွဲ့မှ စိတ်မှူးအဆင့်ရှိ စောနန္တိသည် ဇနီးဖြစ်သူ မနန်းဖြစ် ရှမ်း/ဗုဒ္ဓ၊ ဆိုက်ခေါင်ကျေးရွာ၊ ကွန်ဟိန်းမြို့နယ်နေသူအား လာရောက်ခေါ်ဆောင်သွား ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် အင်အား(၁၀)ဦးခန့်ပါရှိပြီး ကောက်ခံရရှိသော ဆက်ကြေးငွေ များအား ယူဆောင်ကာ လက်နက်ကိုယ်စီဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း သိရှိရပါသည်။

စိုင်းဇေယျာ(ကွန်ဟိန်း)
Shan News

0 comments:

Post a Comment