မွေးဖွားပြီး (၃၁) နာရီ၊ (၄၆) မိနစ် အကြာမှာ ကလေးငယ်ကို ရေကူးကန် ထဲမှာ ရေချိုးမှု ပြုလုပ်



အင်္ဂလန်နိုင်ငံသား၊ ဖီးနစ်ချာလီဟာ သူ့ရဲ့သားငယ်ကို မွေးဖွားပြီး မကြာမီမှာပဲ ထူးခြားတဲ့ အပြုအမူ တစ်ခုကို ပြုလုပ် သွားခဲ့ပါတယ်။ ဖီးနစ် ချာလီဟာ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ ရေကူး သင်တန်းကျောင်းတွေမှာ နည်းပြဆရာ အဖြစ် လုပ်ကိုင်နေ သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သားငယ်ကို မွေးခါစမှာ ရေကူးကန်ထဲမှာ ရေချိုးစေဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါကြောင့် သားငယ် ဖြစ်သူ မွေးဖွားပြီး (၃၁) နာရီ၊ (၄၆) မိနစ် အကြာမှာ ရေကူးကန် ထဲမှာ သူနဲ့အတူ ရေဆင်းချိုးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အသက်ငယ်ဆုံး ရေကူးကန်ထဲမှာ ရေချိုးခဲ့တဲ့ ကလေးငယ် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဖီးနစ်ချာလီရဲ့ကလေးငယ် ဖြစ်သူဟာ (၈) ပေါင်နဲ့ (၅) အောင်စရှိပါတယ်။ ဒီကလေးငယ်ကို ပလိုင်းမောက်မြို့ရှိ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဖီးနစ်ချာလီဟာ မွေးဖွားစ ကလေးငယ်ကို ရေကူးကန်ထဲ ခေါ်ဆောင်သွားခဲ့လို့ အချို့သူတွေက ဝေဖန်ခဲ့ကြပါတယ်။ မွေးကင်းစ ကလေးငယ် တစ်ဦးကို ရေကူးကန် ထဲကို မခေါ်သွား သင့်ကြောင်း၊ ရေကူးကန်ထဲမှာ ပိုးမွှားတွေကို သေစေဖို့ ဓာတု ပစ္စည်းတွေ ထည့်သွင်းထားသဖြင့် အန္တရာယ် များကြောင်း ထောက်ပြ ပြောဆိုခဲ့ကြ ပါတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်မှာ ရက်သတ္တပတ် တစ်ပတ်လျှင် ကလေးငယ်ပေါင်း (၄၁၀၀၀) ကျော်ဟာ ရေကူး သင်တန်းတွေမှာ တက်ရောက်လျက် ရှိပါတယ်။ ကလေးငယ်တွေကို ရေချိုးပေးခြင်း၊ ရေကူးစေခြင်း စတဲ့ အပြုအမူတွေကို ပြုလုပ်စေခြင်းဟာ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ သိရှိရပါတယ်။ ဖီးနစ်ချာလီဟာ သူ့ရဲ့ပထမဆုံး ကလေးငယ်ဖြစ်တဲ့ သမီးလေးကိုလည်း မွေးပြီး (၁၉) လအရွယ်မှာ ရေကူးကန်ထဲမှာ ရေကူးမှု ပြုလုပ်စေခဲ့ပါတယ်။ ကလေးငယ်တွေဟာ ရေကူးခြင်းကြောင့် ထူးခြားတဲ့ အတွေ့အကြုံ တွေကို ခံစားရ ရှိစေပြီး ကျန်းမာရေး အရများစွာ အထောက်အကူ ဖြစ်စေကြောင်း ဖီးနစ်ချာလီက ယူဆခဲ့တာမို့ အခုလိုမျိုး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Messenger

0 comments:

Post a Comment