ပညာရေး နဲ့ စီးပွားရေးကြောင့် အနုပညာကို ဒုတိယ နေရာ ထားလိုက်တဲ့ မင်းသား

ပညာရေးနှင့် စီးပွားရေးကြောင့် အနုပညာက ဒုတိယ ဦးစားပေး အနေနှင့် လုပ်ဖြစ်ဦးမှာ ဖြစ်ကြောင်း သရုပ်ဆောင် ဥက္ကာမင်းမောင် က ပြောသည်။

”မိဘဆန္ဒ၊ ကျွန်တော့် ဆန္ဒနဲ့ ရှေ့ရေးကို ဦးစားပေးပြီး အမေရိ ကန်နိုင်ငံ New York မြို့မှာ ပညာ သင်ကြားဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် အနုပညာလောက နဲ့ ခု နစ်နှစ်လောက် ကင်းကွာသွားခဲ့ တယ်” ဟု ဥက္ကာမင်းမောင် က ပြောသည်။

သရုပ်ဆောင် အပြင် ဂီတကို ဝါသနာပါသူ ဥက္ကာမင်းမောင်က တစ်ကိုယ်တော်ခွေ တစ်ခွေ စီစဉ်နေကြောင်း သိရသည်။

”ကျွန်တော့် တစ်ကိုယ်တော်ခွေ ထဲမှာ ပြန်ဆုံမယ် သီချင်းတစ်ပုဒ် ပါမယ်။ အဓိပ္ပာယ် ကတော့ ပြန်ဆုံခြင်း အဓိပ္ပာယ်ပါ။ MTV ကို လည်း သေချာ ရိုက်မယ်။ New York မှာ ရိုက်မယ်။ Idea တွေက တော့ရှိတယ်” ဟု ၄င်းက ဆိုသည်။

ဥက္ကာမင်းမောင် က လတ်တလော VCD ကာရာအိုကေ၊ မဂ္ဂဇင်း တွေ တောက်လျှောက် ရိုက်ကူး လာသလို တစ်ကိုယ်တော်ခွေ အတွက် သီချင်း ရှာပြီး အသံသွင်း ထား မှာဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဖခင် ကျန်းမာရေးကြောင့် ခဏပြန်လာချိန်တွင် သူငယ်ချင်း များ၏ ကူညီတောင်းဆို မှုကြောင့်သာ ရိုက်ကူးရေးများ ပြုလုပ်ပြီး မကြာခင်မှာ New York ကို ပြန်သွား မှာဖြစ်ပြီး စီးပွားရေး တစ်ခု လုပ်ပြီး မြန်မာပြည်ကို နောက်ထပ် နှစ်နှစ်နေလောက်မှ ပြန်လာမည် ဖြစ်သည်ဟု ၄င်းထံမှသိရသည်။
Popular

0 comments:

Post a Comment