စံချိန်တင်ဟက်ထရစ်ဂိုးနှင့် ရှေ့တွင်စောင့်ကြိုနေသည့် စိရော်နယ်ဒိုအတွက် မှတ်တိုင်များ


ရီးရဲလ်မက်ဒရစ်သို့ ၂ဝဝ၉ခုနှစ် ဇွန်လတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈ဝဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့သည့် စီရော်နယ်ဒိုသည် ဘာနေဗျူးတွင် ကုန်ဆုံးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ကုန်ကျထားသော ငွေကြေး နှင့်တူညီစွာ သူ၏သွင်းဂိုးများဖြင့် ပေးဆပ်နိုင်ခဲ့သူဟုပင် ဆိုရပေမည်။

၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ၏ ပွဲစဉ်လေးပွဲကစားပြီးချိန်တွင် အသင်းအတွက် ကိုးဂိုးသွင်းယူပေး နိုင်ခဲ့သည့် စီရော်နယ်ဒိုသည် တစ်ပတ်အတွင်း ခုနစ်ဂိုးသွင်းယူထားနိုင်ခဲ့ပြီး အယ်လ်ချီ ကို အနိုင်ရသည့်ပွဲတွင် လေးဂိုး၊ ဒီပို့တီဗိုနှင့်ပွဲတွင် သုံးဂိုးသွင်းယူခဲ့ကာ ရီးရဲလ်အတွက် (၂၅) ကြိမ်မြောက် ဟက်ထရစ်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဒီပို့တီဗိုဘက်သို့ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် စီရော်နယ်ဒိုသည် (၂၄)ကြိမ် မြောက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဂန္ထဝင်ကစားသမား ပူးစ်ကပ်၏ (၂၃) ကြိမ်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း (၂၈)ကြိမ်ဖြင့် စံချိန်တင်ထားသည့် ဒီစတီဖာနို၏စံချိန်ကိုမီရန် သုံးကြိမ်လိုနေသေးသည်ကို တွေ့ရသည်။

လာလီဂါပြိုင်ပွဲများတွင် ဟက် ထရစ် အများဆုံးသွင်းထားသူမှာ ရီးရဲလ်မက်ဒရစ်မှ ဒီစတီဖာနိုနှင့် ဘီလ်ဘာအိုအသင်းမှ ဂန္ထဝင်ကစားသမား တိုက်စစ်မှူး ဇာရာတို့ဖြစ်ကြပြီး (၂၂)ကြိမ်စီရယူထားနိုင်ခဲ့ခြင်း ကြောင့် လာလီဂါဟက်ထရစ် (၂၁)ကြိမ်ရရှိပြီးဖြစ်သည့် စီရော်နယ်ဒိုအနေဖြင့် အဆို ပါစံချိန်များကို ကျော်ဖြတ်ရန်မှာ မခက်ခဲတော့ပေ။ စီရော်နယ်ဒိုနောက်တွင် မက်ဆီမှာ (၁၉)ကြိမ်ဖြင့် ရပ်တည်နေပြီး ပြိုင်ဘက်၏ကျော်ဖြတ်နိုင်မှုကိုပါ သတိပြုရပေမည်။

ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပြန်လည်ရရှိလာ သည့် စီရော်နယ်ဒိုသည် စံချိန်ကောင်းများရရှိထားသူဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘောလုံးရာသီတွင် ၁၇ဂိုးသွင်းယူကာ တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် တွင် ဘေဆယ်လ်ဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် စီရော်နယ်ဒိုမှာ ဥရောပပြိုင်ပွဲ များ၌ ၆၈ဂိုး မြောက်အဖြစ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စံချိန်တင်ထားသည့် ရာအူးလ်၏ သွင်းဂိုးထက် သုံးဂိုးသာလျော့နည်းနေမှုကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ရာအူးလ်၏စံချိန်ကို ကျော်ဖြတ်သွားနိုင်ဖွယ်ရှိနေသည်။

ဥရောပစူပါဖလားပြိုင်ပွဲတွင် ဆီဗီလာဘက်သို့ နှစ်ဂိုးနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဘေဆယ်အသင်းဘက်သို့ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းတို့ကြောင့် အင်ဇာဂီ၏သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်ကစားသမားဟောင်း ရာအူးလ်သည် ၁၉၉၄ မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ရီးရဲလ်မက်ဒရစ်အတွက် ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီစတီဖာနိုက ၃ဝ၈ဂိုး၊ ဆန်တီလာနာက ၂၉ဝဂိုး နောက်တွင် စီရော်နယ်ဒိုက ၂၆၄ဂိုး ဖြင့် ရပ်တည်နိုင်ခဲ့ပြန်သည်။

လက်ရှိ စီရော်နယ်ဒိုပိုင်ဆိုင်ထားသည့် မှတ်တမ်းများမှာ ဂန္ထဝင်ကစားသမားများကို အမီလိုက်ရန် ပွဲများစွာ လိုအပ်နေသေးပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် ပွဲစဉ်ပေါင်း ၅၆ပွဲယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။

သွင်းဂိုးအများဆုံးဖြင့် ထိပ်ဆုံး၌ရပ်တည်နေခဲ့သူ ရာအူးလ်သည် ပွဲပေါင်း ၇၄၁ပွဲ ကစားပြီးချိန်၌ ၃၂၃ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုမှာ ၂၅၄ပွဲ ကစားပြီး ချိန်တွင် ၂၆၄ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိ ဥရောပလိဂ်ပြိုင်ပွဲများ၌ ကစားသည့်ပွဲအရေအတွက်နှင့် သွင်းဂိုးနှုန်းတွင် ထိပ်ဆုံး၌ရပ်တည်နေသူဖြစ်သည်။

ယခုနှစ် ရီးရဲလ်မက်ဒရစ်အသင်း၏ အပြောင်းအရွှေ့ပေါ်လစီကြောင့် မန်ယူအ သင်းသို့ ပြန်လည်ရောက်ရှိမည်ဟု သတင်းများထွက်ပေါ်နေသော စီရော်နယ်ဒိုသည် လာလီဂါသွင်းဂိုး ၁၈၆ဂိုးရယူနိုင်ခဲ့ပြီဖြစ်ကာ လာလီဂါသွင်းဂိုးအများဆုံးကစားသမား ဖြစ်ရန် ကြိုးစားရဦးမည်ဖြစ်သည်။

လက်ရှိတွင် ဇာရာက ၂၅၁ဂိုးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒီစတီဖာနို(၂၂၇)၊ ရာအူးလ် (၂၂၈)၊ ဟူဂိုဆန်းချက်ဇ်(၂၃၄)၊ မက်ဆီ (၂၄၆)ဂိုးစီဖြင့် အစဉ်လိုက်ရပ်တည်နေခဲ့သောကြောင့် မက်ဆီမှာ ဇာရာ၏ ဂိုးသွင်း အများဆုံးစံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီး ရော်နယ်ဒိုမှာ အရေအတွက် ကွာဟနေဆဲ ပင်ဖြစ်သည်။

၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီတွင် ရီးရဲလ်အသင်းအတွက် တစ်ရာသီတည်း ၄၆ ဂိုးသွင်းယူပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုမှာ ဘာစီလိုနာအသင်း၏ တစ်ရာသီအတွင်း ရရှိသည့် သွင်းဂိုး ၅ဝနှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်နေသည် ဟုပင် ဆိုရပေမည်။

စီရ်ာနယ်ဒိုအနေဖြင့် ဒဏ်ရာကင်းစွာဖြင့် ဆက်လက်ခြေစွမ်းပြ ကစားနိုင်မည်ဆိုပါက မကြာမီကာလအတွင်း လာလီဂါသမိုင်းတွင်ရစ်မည့် မှတ်တိုင်များကို စိုက်ထူနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။
Democracytoday‬

0 comments:

Post a Comment