ဓမ္မစေတီခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ဆယ်မဲ့လူ ထပ်ပေါ်လာပြန်ပြီ

ရွှေအုန်းပင်ဦးဝင်းမြင့်က ဓမ္မစေတီခေါင်းလောင်းကြီးကို ၎င်းကိုယ်တိုင် ဆယ်ယူမည်ဟု စက်တင်ဘာ ၂၅ ရက်၊ ပဲခူးမြို့ရှိ ၎င်းပိုင်ဆိုင်သည့် ရွှေအုန်းပင် ထမင်းဆိုင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုလိုက်သည်။ 

ဦးဝင်းမြင့်က ပထမဆုံးအနေနှင့် ကျပ်သိန်းတစ်ထောင်နှင့် စတင်တူးဖော်မည်ဟု ဆိုပြီး ယခုတစ်ပတ်အတွင်း တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သို့ စာတင်သွားမည် ဖြစ်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းတူးဖော်သွားမည်ဟု ဆိုသည်။ 

ယခုတစ်ကြိမ်တူးဖော်မှုတွင် မြန်မာ့နည်းမြန်မာ့ဟန်များဖြင့်သာ တူးဖော်မည် မဟုတ်ဘဲ သိပ္ပံနည်းကျ စူးစမ်းလေ့လာ၍ တူးဖော်သွားမည်ဟု ဦးဝင်းမြင့်က ဆိုသည်။ 

ယခင်က ဦးစံလင်းတူးဖော်ရာတွင် ပွင့်လင်းမြင်သာသည့် သတင်း ထုတ်ပြန်မှုမရှိခဲ့ဘဲ ဦးဝင်းမြင့်ကမူ ၎င်းတူးဖော်နေစဉ် နေ့စဉ် သတင်းထုတ်ပြန် သွားမည်ဟုဆိုသည်။ 

ဦးဝင်းမြင့်သည် ဦးစံလင်းခေါင်းဆောင်သည့် ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုတွင် အဓိက အလှူငွေပံ့ပိုးခဲ့သူဖြစ်သည်။

Mizzima

0 comments:

Post a Comment