ပြည်ကြီးတံခွန်မြို့နယ်တွင် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၂၆ ဒသမ ၉သိန်း သိမ်းဆည်းရမိ

အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၀၃) မူးယစ်တပ်ဖွဲ့စု နေပြည်တော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၈ ရက်က ပြည်ကြီးတံခွန်မြို့နယ် (၇၃_၇၄) လမ်းကြား မြ၀တီမင်းကြီးလမ်းပေါ်တွင် သတင်းအရ စောင့်ဆိုင်း နေစဉ် ငြိမ်းချမ်းအောင်သည် တင်ဝင်းထွန်း(ခ) ကိုထွန်း၊သက်ပိုင်စိုးတို့နှင့်အတူ 2F/.... ALPHARD မော်တော် ယာဉ်ဖြင့် လည်းကောင်း၊ ရောင်းဝယ်ရာတွင် ပါဝင်သူ ကျော်မြင့်လွင် (ခ) ကိုဦး (ခ)ကိုညီသည် ဆိုင်ကယ်ဖြင့် လည်းကောင်း ရောက်ရှိလာ၍ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်၏ နောက်ခန်းမှ ဆာလာအိတ် ခြောက်အိတ်အတွင်း အဖြူရောင် ပလတ်စတစ်အိတ် ၆၂ အိတ်ဖြင့် ထည့်ထား သော ဆူဒိုအက်ဖီဒရင်း အာနိသင်ပါဆေးပြား ၁၂ ဒသမ ၃ သိန်း ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၉ ရက် တွင် ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ် သီရိ မန္တလာကားကြီးဝင်း ကလေး-တမူး “ချယ်ရီရတနာ” ကား ဂိတ်တွင် ချမ်းမြေ့၏ ကားဂိတ်လက်မှတ်ရောင်း ခန်းအား ရှာဖွေရာ ဆာလာအိတ် နှစ်အိတ်အတွင်း ပလတ်စတစ် အိတ်များဖြင့် ထည့်လျက် ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၃ ဒသမ ၆ သိန်းနှင့် မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် (၇၈)လမ်း ကျွဲဆည်ကန်ကားကြီးဝင်းအနီး မန်းမြို့တော်လက်ဖက်ရည်ဆိုင်ရှေ့ လမ်းမပေါ်တွင် ထက် အောင်၊ ဖြိုးကိုကိုနှင့်ဟိန်းဇော်ထက်တို့၏ 2E/.... ပါဂျဲရိုး ယာဉ်အား ရှာဖွေရာ ယာဉ်နောက်ခန်းတွင် ဆာလာအိတ် များအတွင်း ပလတ်စတစ်အိတ်များဖြင့် ထည့်လျက် ဆူဒို အက်ဖီဒရင်း အာနိသင်ပါဆေးပြား ၁၁ သိန်း စုစုပေါင်း ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား ၂၆ ဒသမ ၉ သိန်းအား ဖမ်းဆီးရမိခဲ့သည်။
MOI

0 comments:

Post a Comment