တောင်ကြီး မီးပုံးပျံပွဲတော်ကို မီးပုံးအမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပမည်












ဗိုလ်ချုပ်ရုပ်ပုံမီးပုံးအတွက် ပြင်ဆင်နေသည့်အဖွဲ့တစ်ဖွဲ့ကို စက်တင်ဘာ၂၁ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−သီဟ)
၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ကျင်းပသွား မည်ဖြစ်ပြီး ညမီးကျည်နှင့် စိန် နားပန်မီးပုံးအမျိုးအစား တစ်ရာ ကျော်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင်ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင်လက်ခံသွားမည် ဖြစ်ကြောင်း တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီဝင် ဦးစိုးသိန်းက ပြောသည်။

‘‘ဒီနှစ်က ခုကြားထားတာကို မီးပုံးတွေက များတယ်။ မီးပုံးစာ ရင်းတွေကို စတင်လက်ခံတော့မှာ ပါ။ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်းမြင် သာအောင် လုပ်ထားပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေအတွက် ကျေနပ်စရာပါ’’ဟု ဦးစိုးသိန်းက ပြောသည်။

ယခုနှစ် တောင်ကြီးတန် ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည်မီးပုံးများအား ပထမဆုကျပ်သိန်း ၅၀၊ ဒုတိယဆု ၄၅ သိန်း၊တတိယဆု သိန်း ၄၀ စသည်ဖြင့် ဒသမဆုအထိ ဆုများပေးအပ်သွားမည်ဖြစ်သည်။ စိန်နားပန် မီးပုံးများအား ပထမဆု ကျပ်၃၅ သိန်း၊ ဒုတိယဆုသိန်း ၃၀၊ တတိယဆု ၂၅ သိန်း စသည်ဖြင့် ဒသမဆု

အထိ ဆုများ အသီးသီးပေးအပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ဒီနှစ်က ဗိုလ်ချုပ်မီးပုံးလုပ် ထားပါတယ်။ အရင်နှစ်တွေက လည်း ဒေါ်အောင်ဆန်းစုကြည် မီးပုံး၊ ဗိုလ်ချုပ်မီးပုံးအဲဒါတွေပဲ လုပ်တာပါ။ ဒီနှစ်ရောဆို သုံးနှစ် ပေါ့။ လူအားပေးမှု ရရှိခဲ့ပေမယ့် ဆုတော့ တစ်ခါမှမရပါဘူး’’ ဟု ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပွဲတော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံပါ ‘‘ဒီကြယ်စင်’’ မီးပုံးဖြင့် ပြိုင်ပွဲဝင်ရောက်မည့် ကိုတင်မောင်တိုးက ပြောသည်။

ပြိုင်ပွဲ၏ မူအရ ဘုရားရှင် အား မီးပူဇော်ခြင်းဖြစ်သည့်အ တွက် အခြားရုပ်ပုံများဖြင့် ယှဉ် ပြိုင်ပါက အမှတ်ပေးမည်မဟုတ် ကြောင်း သတင်းများထွက်ပေါ် နေကြောင်း သိရသည်။

‘‘ရုပ်ပုံ မီးပုံးတွေဆိုရင် အ မှတ်လျှော့တယ်လို့ ပြောကြပါ တယ်။ မဟုတ်ပါဘူး။ စည်းမျဉ်း ထဲမှာ အဲဒီလို မပါပါဘူး။ မီးပုံးမှာ ပြစ်ချက်တစ်ခုခုရှိရင်သာ အမှတ် လျှော့တာပါ။ ပွင့်လင်းလာတာနဲ့ အမျှ ဗိုလ်ချုပ်ပုံတို့၊ ဒေါ်အောင် ဆန်းစုကြည်ပုံတို့ လုပ်ကြပါ တယ်။ အဲဒီမီးပုံးတွေကို အမှတ် လျှော့တာတွေ၊ ဆုမပေးတာတွေ လုပ်တာ မရှိပါဘူး’’ဟု တောင် ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ တော်ကျင်းပရေးကော်မတီဝင် ဦးကျော်မြင့်က ပြောသည်။

၂၀၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံးအလုံး ၇၀၊ စိန်နားပန်မီးပုံး ၃၄ လုံး၊ နေ့ဘက် တွင် ခြေနှစ်ချောင်း၊ ခြေလေး ချောင်းစသည့် အရုပ်ပေါင်း ၄၀၀ ၀န်းကျင်ဖြင့် ပြိုင်ပွဲကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။
7 Day

0 comments:

Post a Comment