ဆူဒန် ဒုက္ခသည်များ အကြောင်း ရိုက်ကူး ထားသည့် “The Good Lie” အမေရိကန် နိုင်ငံတွင် ရုံတင်မည်



နယူးယော့ခ်၊ စက်တင်ဘာ ၂၅။ အမေရိကန် ဒရာမာ ရုပ်ရှင် “The Good Lie” ကို အောက်တိုဘာလ ၃ ရက်တွင် အမေရိကန် နိုင်ငံ အဝှမ်း၌ ရုံတင်မည် ဖြစ် သည်။



The Good Lie ဇာတ်ကားမှ ဇာတ်ဝင်ခန်း တစ်ခန်း။

ထိုရုပ်ရှင် ဇာတ်ကားမှာ ဖြစ်ရပ်မှန်များ အပေါ် အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန် နှစ်များက ဆူဒန်တွင် စစ်ဖြစ် ခဲ့ရာ မိသားစု များစွာ သေဆုံး ခဲ့ရပြီး ကလေး အများအပြား မှာလည်း ကလေး စစ်သားများ ဖြစ်လာ ခဲ့ကြသည်။ ကံကောင်းသော ကလေးများ မှာမူ အမေရိကန်သို့ ထွက်ပြေး ခိုလှုံ နိုင်ခဲ့ ကြသည်။ သို့ဖြစ်ရာ အမေရိကန် နိုင်ငံသည် ဆူဒန်မှ ကံကောင်းသော ကလေးများ နှင့် လူငယ်များ အတွက် ဘေးကင်း လုံခြုံရာ ရပ်ဝန်းတစ်ခု ဖြစ်လာ ခဲ့သည်။

“The Good Lie” ဇာတ်ကားမှာ အမေရိကန်သို့ ပြောင်းရွှေ့အခြေချခွင့် ရလာခဲ့ကြသော ငယ်ရွယ်သော ဆူဒန် ဒုက္ခသည် များသည် ကန်းဆက်စ် သို့ ရောက်ရှိ လာကြကာ၊ အလုပ်ရှာဖွေရေး အေဂျင်စီ တစ်ခု၏ အတိုင်ပင်ခံ ဝန်ထမ်းနှင့် တွေ့ဆုံပြီး ၄င်းတို့၏ ဘဝများ ပြောင်းလဲ သွားပုံကို ရိုက်ကူး တင်ဆက် ထားသော ဇာတ်ကား ဖြစ်သည်။

ယင်းဇာတ်ကားကို မာဂရက် နက်ဂဲလ် က ဇာတ်ညွှန်း ရေးသား ထားကာ ဒါရိုက်တာ ဖိလစ်ပေ ဖလာဒိုက ရိုက်ကူး ထားသည်။ မင်းသမီး ရိစ်ဝစ်သာစပွန်း နှင့် မင်းသား ကိုရေးစတောလ်တို့ ပါဝင် သရုပ်ဆောင် ထားကြသည်။
by Mizzima News

0 comments:

Post a Comment