ဦးစံလင်းရဲ့ နာမည်ကျော် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု နိဋ္ဌိတံပြီ



ဓမ္မစေတီခေါင်းလောင်း ရှာဖွေ မှု အပြီးရပ်ဆိုင်းလိုက်ပြီဟု ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ပြော ကြားလိုက်ပြီ ဖြစ်သည်။
ကုန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ် သည့် ခေါင်းလောင်းရှာဖွေရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက စက်တင် ဘာ ၂၃ ရက်တွင် ထိုသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းကို သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေ ခဲ့ပြီး ပထမသတ်မှတ်မှု ၁၈ ရက်ပြည့် သည့်အချိန်တွင် ခေါင်းလောင်းအား တွေ့ရှိနေ၍ ကြိုး ဆိုင်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ရှာဖွေရက် ၁၇ ရက်ကို ထပ်မံတိုးမြှင့်လိုက်ပြီး ဆက်လက်ကြိုးပမ်းနေကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ထို အချိန်တွင် ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်အဖွဲ့မှာ နေရပ်ပြန်သွားပြီး ခေါင်း လောင်းမဟုတ်ဘဲ သင်္ဘောပျက်တစ် စင်း အပါအဝင် သံပြားကြီးတစ်ခုသာတွေ့ရှိသည်ဟု ရေငုပ်အဖွဲ့က ပြောခဲ့ သည်။

”၂၆ ရက်အထိ ဦးစံလင်း ကြိုးပမ်း မှုကို လက်ခံတယ်။ အဲဒီနောက်ပိုင်းက လိမ်တဲ့ အပိုင်းရောက်သွားပြီ။ သူရှင်း လင်းပွဲ လုပ်ရင် ပြည်သူကို ရိုးရိုးသား သား ပြန်ဝန်ခံရ မယ်။ ပြည်သူ့အတွက် လည်း ဒါကြီးမားတဲ့ သင်ခန်းစာ တစ်ခု လို့ မှတ်ပါ” ဟု မွန်သမိုင်းသုတေသန အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးနိုင် ရဲဇော်က ဆိုသည်။

ထိုဓမ္မစေတီ ခေါင်းလောင်းမှာ မြစ်သုံးခွဆုံရာ ဖြစ်သည့် ပုဇွန်တောင် ချောင်း၊ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့နှင့် ထိစပ်သော နေရာတွင်ရှိသည် ဟူသော သမိုင်းအထောက် အထားများအရ ပြဆို ထားပြီး ထိုဝန်းကျင်တွင်ပင် အကြိမ် ကြိမ် ရှာဖွေခဲ့ရာ မည်သူမှမတွေ့ရှိခဲ့ ကြပေ။ ထို့ကြောင့် သမိုင်းအထောက် အထားအရ လူတိုင်း တန်ဖိုးထား ကြ သော ဓမ္မစေတီခေါင်းလောင်း၏ တန် ဖိုးမှာ ယုတ်လျော့လာပြီး လှောင်ပြောင် စရာ တစ်ခုဖြစ်နေကာ ငွေကြေးဆုံးရှုံးမှု များသာ အဖတ်တင်ကြောင်း ဦးနိုင်ရဲ ဇော်ကဆက်လက်ပြောသည်။

အလားတူပင် စက်တင်ဘာ ၂၅ ရက်တွင် ခေါင်းလောင်း ရှာဖွေရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းမြင့် က ၄င်းနေထိုင်ရာ ပဲခူးရှိ ရွှေအုန်းပင် ထမင်းဆိုင်တွင် မီဒီယာ များအား ဖိတ် ခေါ်၍ လှူဒါန်းမှု ငွေစာရင်းများ၊ ကုန် ကျစရိတ်များ၊ သင်္ဘောပေါ်တွင် လုပ် ဆောင်ခဲ့ရသည့် အခြေအနေတို့ကို တရားဝင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ် မည်ဖြစ်ကြောင်း ပြန်ကြားရေးတာ ဝန်ခံ ဦးကြည်ဝင်းထံမှ သိရသည်။

”ဒီရှင်းလင်းပွဲကို ဦးစံလင်းလည်း တက်ဖို့ ရှိတယ်။ သူတို့ ဦးစီးလုပ်တဲ့ကိစ္စ ကျွန်တော်တို့လည်း သေချာမသိတော့ သူတို့ကိုယ်တိုင် ရှင်းပြတာ ပိုစိတ်ဝင် စားဖို့ ကောင်းလိမ့်မယ်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ခေါင်းလောင်း ရှာ ဖွေရာတွင် သုံးသည့် သောင်တူးစက်ကို လည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြန်လည် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

အောင်ဇော်ထူး
Popular News

0 comments:

Post a Comment