နှလုံးမှာ ကျည်ဆန် နှစ်လခန့် ရှိနေခဲ့သူတစ်ဦး အသက်ရှင်လျက် ရှိနေသေးတဲ့ လူသား

ဘဏ်လုယက်မှုပြုရာတွင် ဘဏ်အတွင်း ဝင်ရောက်လာခဲ့၍ နှလုံးကျည်မှန်ခြင်း ခံခဲ့ရသော အသက်(၃၂)နှစ်အရွယ် အိန္ဒိယအမျိုးသားတစ်ဦးဖြစ်သည့် Bharat Sharma ဟာ နှလုံးတွင် ကျည်ဆန်နှစ်လခန့် စိုက်ဝင်၍ အသက်ရှင်နေနိုင်ခဲ့ကြောင်း သိရသည်။


၎င်းကုမ္ပဏီအတွက် ချက်လက်မှတ်များ ထုတ်ယူရန် ၎င်း၏ဒေသခံဘဏ်အတွင်းသို့ ဝင်လာခဲ့သော Bharat Sharma အား ဘဏ်လုယူသူများက 20-caliber ကျည်နှစ်တောင့် ပစ်သွင်းခြင်း ခံခဲ့ရသည့်အတွက် ခါးနှင့် နှလုံးနေရာသို့ ကျည်မှန်ခဲ့တာပါ။


ပြီးခဲ့သည့် ဇူလိုင်လက ကျည်မှန်ခဲ့သည့် Bharat Sharma ၏ ခါးကကျည်ကို ရက်အနည်းငယ်အတွင်း ထုတ်ယူခဲ့ပေမယ့် နှလုံးမှန်ခဲ့သော ကျည်အား ခွဲစိတ်ထုတ်ယူဖို့ကိုမူ လက်ထပ်ပြီးစ Bharat Sharma သေဆုံးသွားမည်စိုးသဖြင့် ဆရာဝန်နှစ်ဦးက ငြင်းဆိုခဲ့သည်။

သို့အတွက် နှလုံးခုန်တိုင်း Bharat Sharma ၌ အသက်အန္တရာယ်ရှိနေနိုင်ကာ သေဆုံးနိုင်ပေမယ့် နှလုံးကကျည်ဟာ နှစ်လတာအထိ ရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ahmedabad ရှိ Sal ဆေးရုံမှ ဆရာဝန်များကမူ Bharat Sharma ၏ နှလုံးမှ ကျည်ဆန်ကို ခွဲစိတ်ထုတ်ယူဖို့ သဘောတူလက်ခံခဲ့ကာ စက်တင်ဘာ(၂၃)ရက်နေ့က အောင်မြင်စွာ ခွဲစိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment