အခြားယောက်ျားလေးတွေနဲ့ စကားပြောလို့ ကိုယ်ဝန်လွယ်ထားတဲ့ (၁၆)နှစ်သမီးကို သတ်သူ

အင်္ဂလန်အနောက်တောင်ပိုင်း Cheltenham ရှိ ကိုယ်ဝန်(၂၄)ပတ် လွယ်ထားသော အသက်(၁၆)နှစ်သမီး Kayleigh-Anne Palmer ဟာ သူမချစ်သူရဲ့ လည်ပင်းညှစ်သတ်ခြင်းကို ခံခဲ့ရသည့်အတွက် ဗိုက်ထဲက ကလေးပါ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အသက်(၁၆)နှစ်အရွယ် Anne ၏ချစ်သူ အသက်(၁၈)နှစ်အရွယ် Aston Robinson က အခြားကောင်ကလေးများနှင့် သူမစကားပြောခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ သူမ၏လည်စည်းပုဝါဖြင့် လည်ပင်းညှစ်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ခဲ့ပြီးနောက် စတာလင်ပေါင်(၂၀)နှင့် လောင်းကြေးထပ်ခဲ့သော စာအုပ်များကို သွားစစ်ကြည့်ရန် Aston Robinson က ထွက်ခွါသွားခဲ့ကြောင်း သိရသည်။ သို့ပေမယ့် Anne ၏ သေဆုံးမှုအတွက် ကိုယ်တိုင် ရဲစခန်းသွား၍ အဖမ်းခံခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

Anne အား ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပေမယ့် ဗိုက်ထဲက ကလေးဟာ အခင်းဖြစ်ပြီးနောက်တစ်နေ့၌ သေဆုံးသွားခဲ့ကာ Anne ကတော့ နောက်သုံးရက်အကြာ၌ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၅)ရက်နေ့က သေဆုံးသွားခဲ့သော Anne အား တိတ်တိတ်နေဖို့ သူမလည်စည်းပုဝါနှင့် လည်ပင်းညှစ်ခဲ့ခြင်းသာဖြစ်၍ သူမအား သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ခြင်းမဟုတ်ကြောင်း Aston Robinson က ထောင်ထဲကနေ Anne ၏မိခင်အား စာရေးသားခဲ့ကြောင်း သိရသည်။

၎င်းက လက်နှစ်ဖက်နှင့် လည်စည်းပုဝါအသုံးပြုပြီး Anne အား လည်ပင်းညှစ်၍ ဆိုဖာပေါ်မှ ကြမ်းပြင်ဆွဲချခဲ့ကြောင်း ၊ မလှုပ်မယှက်ဖြစ်နေတဲ့ Anne အား တပတ်လှိမ့်ကြည့်ပြီး သူ့အစ်မထံရောက်သွားခဲ့ကာ အကျိုးအကြောင်းပြောပြခဲ့ကြောင်း ၊ ထိုအစ်မက ကြမ်းပေါ်မှောက်လျက်ဖြစ်နေတဲ့ Anne အား တွေ့ရှိ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းမဖြစ်ခင်ကတည်းက Aston Robinson ဟာ Anne အား ထိုးကြိတ်ကန်ကျောက်ဖူးခဲ့ပြီး Anne အား လည်ပင်းမညှစ်ခင်တနေ့က သူ့နာမည်အား Anne ၏ ကလေးမွေးစာရင်းတွင် ဖခင်အဖြစ် မထည့်ဖို့ ဖုန်းစာတိုပို့ခဲ့ဖူးကြောင်း သိရသည်။

Aston Robinson ဟာ Anne အား အခြားယောကျာ်းလေးများနှင့် အိပ်စက်ပြီး ကိုယ်ဝန်ရရှိခဲ့သူဟု သဝန်တိုစိတ်ဖြင့် သံသယရှိသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

Source : Dailymail

0 comments:

Post a Comment