ကွန်ဂိုနိုင်ငံတွင် အီဘိုလာ ကူးစက်နေပြီဟု ကြေညာ


ဒီမိုကရက်တစ် သမ္မတ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်နေပြီလို့ ကြေညာလိုက်ပါတယ်။

နိုင်ငံ မြောက်ပိုင်း အီကွေတာ ပြည်နယ်မှာ အီဘိုလာ ရောဂါသည် ၂ ယောက်ကို တွေ့ရှိခဲ့ရ တယ်လို့ ကျန်းမာရေး ၀န်ကြီး ဖဲလက်စ် ကာဘိန်းဂ် က ကြေညာပါတယ်။

အီကွေတာ ပြည်နယ်မှာ အမျိုးအ မည်မသိ တဲ့ ရောဂါတမျိုး ပျံ့နှံ့နေတာ ရက်သတ္တပတ်တချို့ ရှိခဲ့ပါပြီဖြစ်ပြီး ရောဂါကြောင့် လူ ၇၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

သြဂုတ် ၂၁ ရက်နေ့ကတော့ ထူးဆန်တဲ့ ရောဂါဟာ အီဘိုလာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး အခုတော့ အီဘိုလာအဖြစ် အတည်ပြုလိုက်တာပါ။

ကွန်ဂိုမှာ ၁၉၇၆ ခုနှစ်ကစလို့ အီဘိုလာ ပျံ့နှံ့မှု အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဒီတကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ အနောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်နေတဲ့ ကပ်ဘေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အခုနောက်ဆုံး အီဘိုလာရောဂါ တကျော့ပြန်ဖြစ်လာတယ်လို့ ကွန်ဂိုအစိုးရက ကြေညာတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အတည်ပြုချက် မပေးသေးပါဘူး။
By ဒီဗွီဘီ

0 comments:

Post a Comment