ဂျာမနီဆပ်ကပ်အဖွဲ့တွင် ခြင်္သေ့ဖြူ လေးကောင်မွေး


ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ ဆပ်ကပ် အဖွဲ့တစ်ဖွဲ့တွင် အထီးသုံးကောင်၊ အမတစ်ကောင်ဖြစ်သည့် ခြင်္သေ့အဖြူ လေးကောင် မွေးခဲ့ကြောင်း ဘီဘီစီ သတင်းဌာနက မကြာသေးမီက ပြော ကြားခဲ့သည်။

မြူးနစ်အခြေစိုက် ကရုဏ်း ဆပ်ကပ်၏ ကောက်ရိုးများပေါ်တွင် ယင်းခြင်္သေ့ဖြူ လေးကောင်မှာ ဆော့ ကစားလျက်ရှိကြောင်း၊ ကျန်းမာ သန်စွမ်း၍ ကောင်းကောင်းစားကြောင်း၊ ၎င်းဆပ်ကပ်အဖွဲ့မှာ မက်ဒီ ဘတ်သို့ လှည့်လည်ဖြေဖျော်လျက်ရှိ ကြောင်း ပြောကြားသည်။

ယင်းတို့မှာ ခရုသင်းစွဲနေခြင်း မဟုတ်ဟု ဆိုသည်။ မိခင်မှာ အသက် ခုနစ်ရှိ ပရင့်စက်နှင့် ဖခင်မှာကင်းတွန် ဂါ ၁၁ နှစ်တို့ ပေါင်းဖက်ရာမှ လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ ညတွင် မွေးလာခြင်း ဖြစ်သည်ဟု ပြောသည်။

အဆိုပါ ခြင်္သေ့ဖြူလေးကောင်ကို အသက် လေးနှစ်အထိ ဆပ်ကပ်ပွဲ များတွင် ထုတ်ပြမည်မဟုတ်ကြောင်း၊ မိခင်ခြင်္သေ့မကြီးနှင့် တစ်နှစ်အတူ နေထိုင်စေ၍ တစ်နှစ်ပြည့်လျှင် အခြားခြင်္သေ့များနှင့် ရောနှောနေစေ ပြီး လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ဆပ်ကပ်ပြောရေးဆိုခွင့်ရှိသူ ဆူဆန် မက်ဇီနောက ဘီဘီစီသို့ ပြောကြားသည်။

ဘီဘီစီ။

0 comments:

Post a Comment