အင်တာနက် သုံးနိုင်မှုပမာဏ လက်ရှိထက် တစ်ဆကျော် တိုးမြှင့်မည်ဟုဆို


ရန်ကုန်၊ မဇ္ဈိမ။ ။ အင်တာနက်အသုံးပြုနိုင်မှု ပမာဏ(Internet Capacity )ကို ၂ဝ၁၄ နှစ်ကုန်မှ စတင်ပြီး လက်ရှိထက် တစ်ဆ ကျော် တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် Internet Capa city ကို 30 Gbps အထိ အသုံးပြုလျက်ရှိပြီး ထပ်မံတိုးမြှင့်မည့် အင်တာနက်အသုံးပြုမှုပမာဏကို 70 Gbps ထိ တိုးချဲ့ရန် စီစဉ်ေ နခြင်းဖြစ်သည်။

“ဒီနှစ်ကုန်မှာပဲ Internet Capcity ကို ထပ်မံတိုးချဲ့သွားဖို့ လုပ်နေပါတယ်။ ၂ဝ၁၅ ခုနှစ် အတွင်းမှာတော့ Internet Bandwidth က ဒီထက်ပိုကောင်းလာပါလိမ့်မယ်” ဟု ဦးစိုးင်းစောလင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ အသုံးပြုရာတွင် ရေအောက်ကေဘယ်ဆက်ကြောင်း Sea Me We-3 ၊ မြဝတီ-ထိုင်း ကုန်တွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းအပြင် ၊ ဂြိုလ်တုအင်တာနက် စနစ်တို့နှင့် ချိတ်ဆက် ထားသည်။

တစ်နိုင်ငံလုံးအနေဖြင့် အင်တာနက်အသုံးပြုရတွာင် Sea me we 3 အင်တာနက် ဆက်ကြောင်းကိုအဓိကထား အသုံးပြုနေရပြီး ယင်းဆက်ကြောင်းအသုံးပြုမှုမှာ နှစ်ပေါင်း ၂ဝ ကျော်သက်တမ်းရှိလာပြီဖြစ်သည်။

ဆော့်ဖ်ဝဲလ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးကဦးအောင်အောင်က မိုဘိုင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် အများဆုံး 2Mbps လိုင်း အထိသာ အသုံးပြုခွင့်ပေးထားသောကြောင့် အခြားနိုင်ငံများ ကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် Internet Capacity မြင့်မားသည့် အင်တာနက်လိုင်းများကို ချထားပေးသင့်သည်ဟု ဆိုသည်။

“စင်္ကာပူလို နိုင်ငံမှာ လုပ်ငန်းတွေအတွက် 10 Mbps လောက်ရှိတဲ့ အင်တာနက်လိုင်း ကိုလည်း ဝယ်သုံးလို့ ရနေတယ်။ ဒီမှာက 2 Mbps လောက်အထိပဲ ရတယ်။ ဒါ့ကြောင့် ဒီထက်ပိုပြီး Bandwidth ကြီးတဲ့လိုင်းကို လည်း သူ့ဈေးနှုန်းနဲ့သူ မျှအောင် ချထားပေးသင့်တယ်” ဟုဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်Bandwidth တိုးချဲ့မည်ဟုဆိုသော်လည်း အင် တာနက် အသုံးပြုမှု တိုးတက်ပြည့်မီအောင် တိုးချဲ့ပေးရန်လည်း လိုအပ်သည်ဟု ၄င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်မှ မိုဘိုင်းအင်တာနက်အသုံးပြုသူ ကိုရှိန်းကိုကို က “ မိုဘိုင်း အင်တာနက် အသုံးပြုရတာ လူသုံးများတဲ့ အချိန်တွေဆို လိုင်းက ခဏခဏ ပြုတ်ကျတာမျိုးတွေဖြစ်နေတော့ အဆင် မပြေပါဘူး။ အင်တာ နက်လိုင်းတွေကို အသုံးပြုရတာ အဆင်ပြေဖို့ ပိုပြီးလိုင်းကောင်းအောင်လုပ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

Mizzima

0 comments:

Post a Comment