" ရောင်နီဦး၏ အလင်းရောင်နှင့်အတူ" ဇာတ်ကားကို အောက်တိုဘာလတွင် ပြသမည်

ဆင်ဆာနှင့်ပတ်သက်သည့် ထောက်ချက်များပြုပြင်ပြီးပါက ပြည်ပနိုင်ငံများတွင် " ရောင်နီဦး၏ အလင်းရောင်နှင့်အတူ " ရုပ်ရှင်ဇာတ်ကား ကို ပြည်ပနိုင်ငံများတွင် သွားရောက်ပြသနိုင်ရန် စီစဉ်သွားမှာဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီက မဇ္ဈိမကိုပြော သည်။



လက်ရှိတွင် သြဂုတ်လ ၁၈ ရက်က ယင်းဇာတ်ကားအား မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ ဆင်ဆာတင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း က သြဂုတ်လ ၂၂ တွင် DCB ( ဒီဂျစ်တယ်စနစ်) ဖြင့်ရိုက်ကူးထားသည့် ဇာတ်ကားကို ဖလင်စနစ်သို့ ပြောင်းလဲပေးမှသာ ဆင်ဆာကဒ် (ရုံတင်ပြသခွင့်) ချထားပေးမည်ဟု ဆိုခြင်းကြောင့် ပြသခွင့်နှောင့်နှေးနေရခြင်းဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီကပြောသည်။

"နောက်ဆုံပေါ် ကင်မရာနဲ့ အရုပ်အသံကွာလတီမြင့်ထားတာ ဖလင်ပေါ်ဆင်းလိုက်ရင် မကောင်းတဲ့ အသံတွေ အရုပ်တွေထွက်လာမှာ။ အဲဒါကြောင့် အခုနာယကကြီးတွေကို စာတင်ပြီးပြီ။ လုံးဝဖလင်မကူးဘူး။ ဆင်ဆာကထောက်ညွှန်တဲ့ နည်းနည်းပါးပါး ပြင်စရာရှိတာ တွေတော့ပြင်မယ်။ ဒီစီဘီနဲ့ ပဲပြမယ်။ နိုင်ငံတော်ကလည်း ဒီစီဘီပရော့ဂျက်ကို နယ်တွေရော ရန်ကုန်မှာရောစနေပြီလေ။ အဲဒီကိစ္စကို နာယကတွေ ညွှန်ချုပ်တွေဆီကို မိတ္တူတွေပေးထားတယ်။ စောင့်ကြည့်ရမှာပဲ။" ဟု ဒါရိုက်တာ အဏ်ထော်ဏီ ကပြောသည်။

ယင်းသို့ ဖလင်လှန်မပေးခြင်းကြောင့် ဆင်ဆာကဒ် ထုတ်မပေးပါက ဆင်ဆာကဒ်ထုတ်ပေးမည့် အချိန်ကို စောင့်နိုင်ပါက စောင့်ဆိုင်းကာ မြန်မာနိုင်ငံ တွင် ပြသသွားမည်ဖြစ်ပြီး အခြေအနေ အကြောင်းအရာများ ရှိလာပါ ဒါရိုက်တာ အဏ်ထော်ဏီ (မော်လမြိုင်)သည် ရုံတင်ရက် မစောင့်ဆိုင်းနိုင်ပါက ပြည်ပနိုင်ငံများတွင် သွားရောက် ပြသသွားမည်ဟု ဒါရိုက်တာ အဏ်ထော်ဏီ ကပြောသည်။

DCB ( ဒီဂျစ်တယ်စနစ်) ဖြင့်ရိုက်ကူးထားသည့် ဇာတ်ကားကို ဖလင်စနစ်သို့ ပြောင်းလဲပေးမှသာ ဆင်ဆာကဒ် (ရုံတင်ပြသခွင့်) ချထားပေးခြင်းသည်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ချမှတ်ထားသည့်မူ ဖြစ်ခြင်းကြောင့် ဒါရိုက်တာ အဏ်ထော်ဏီသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပြသခွင့် ရရှိနိုင်ရန် စာတင်ထားသည်ဟုဆိုသည်။

" ဖလင်နဲ့ အနစ်နာခံပြီး ရိုက်ခဲ့တဲ့သူတွေက အရှေ့မှာ အများကြီးရှိခဲ့တယ်။ အားလုံးကနောက်ပိုင်းမှာ အဲဒါနဲ့ပဲ ရိုက်ကြတာ။ ဘာပဲပြောပြော ဖလင်လှန်ရင် ဖလင်ကား ဖြစ်တယ်ဆိုပြီး သတ်မှတ်လိုက်တော့ အစ်ကိုတို့က အရုပ်အသံ ကွာလတီအပြည့် ရိုက်ထားတဲ့ကားတွေလေ။ မပြောင်းဘူး။ နောက်ဆုံး ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်ပရိသတ်ကို ပြလို့ရတဲ့နည်းနဲ့ သိပ်ကြည့်ချင်ရင် အွန်လိုင်း ကနေ ဂူဂဲလ်နဲ့ချိတ်ဆက်ပြီး အလကားပြချလိုက်မယ်။ အဆုံးရှုံးခံ ပြီးလုပ်တာ။" ဟု ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။

ယင်းဇာတ်ကား ရိုက်ကူးမှုအတွက် သိန်း ၂ဝဝဝ ကျော် အကုန်အကျခံကာ ရိုက်ကူးထားခြင်း ဖြစ်ပြီး၂ဝ၁၄ ခုနှစ် အောက်တိုဘာလလောက်တွင် ပြသနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြသခွင့်ဆင်ဆာကဒ် မရရှိပါကလည်း ယင်းဇာတ်ကားသည် နိုင်ငံရေးနှင့် ညှိစွန်းသည့် အသုံးအနှုန်းပြကွက်များ မပါရှိပဲ ၁၉၅၄ ခုနှစ်က အသုံးအနှုန်း အပြောအဆိုများသာ သုံးထားသည့်အတွက် မြန်မာနိုင်ငံတွင် ပြသခွင့် ဆင်ဆာကဒ် မရရှိပါကလည်း ပြည်ပနိုင်ငံများတွင် သွားရောက်ပြသနိုင်သည့် ဇာတ်ကားတစ်ကားဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီ က ပြောသည်။

0 comments:

Post a Comment