ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်၊ တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၅၀ ပြား အိုက်စ် ၀ ဒဿမ ၂ ဂရမ်ဖမ်းဆီးရမိ



သြဂုတ် ၂၃ ရက်က မူးယစ်တပ်ဖွဲစု(၄၁)ရန်ကုန်အရှေ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး အနောက်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းမ၊ ကမ္ဘောဇဘဏ် ရှေ့တွင် တွေ့ရှိသူ လှဇင်မင်းထွန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြားနှင့် အိုက်စ် ၀.၂ ဂရမ် တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများရောင်းချသူ ငြိမ်းသူအောင်အား မရမ်းကုန်း မြို့နယ်၊ (၇)ရပ်ကွက်တွင် တွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ် အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ၊ မြန်မာငွေကျပ် တစ်သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့၍ ငြိမ်းသူအောင် နေထိုင်သည့် တောင်ဥက္ကလာပ မြို့နယ်၊ (၄)ရပ်ကွက်ရှိ နေအိမ်အား ရှာဖွေရာ အိပ်ခန်း အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြား အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် လှဇင်မင်းထွန်း(၂၄ နှစ်) နှင့် ငြိမ်းသူအောင်(ခ) အငယ်ကောင်(၃၂)နှစ် တို့ ၂ ဦးအပေါ် မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment