ယူနိုက်တက်က ဒီမာရီယာအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေးရမည် di+Maria


မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အာဂျင်းတီးနား တောင်ပံသမား ဒီမာရီယာကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေး ရလိမ့်မယ်ဆိုပြီး ဗြိတိသျှ မီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

di+Mariaပရီးမီးယားလိဂ်မှာ အမြင့် ဆုံး ပြောင်းရွှေ့ကြေး အနေနဲ့ ချဲလ်ဆီးက ၂၀၁၁ မှာ လီဗာပူး တိုက် စစ်မှူး တော ရက်စ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူပြီး စံချိန်တင်ထားပါတယ်။

သတင်းတွေမှာတော့ မန်ယူက အသက် ၂၆ နှစ်အရွယ် ဒီမာရီယာအတွက် ပေါင်သန်း ၅၀ နဲ့အထက်မှာ ပေးရလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

ရီရဲလ်နည်းပြ အန်စလော့တီကတော့ ဒီမာရီယာဟာ လေ့ကျင့်ရေး မဆင်းတော့ဘဲ အသင်းဖော်တွေနဲ့ ကလပ်ကလူတွေကို လိုက်ပြီး နူတ်ဆက်နေကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment