မြန်မာ ယူ-၁၉ အား ကျပ်သိန်းနှစ်ထောင်ကျော် ချီးမြှင့်


၂၀၁၄ ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းအား အလှူရှင်များက ချီးမြှင့်ငွေကျပ်သိန်းနှစ်ထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်လုပွဲတွင် ဗီယက်နမ် လူငယ် အသင်းကို (၄-၃) ဂိုး ဖြင့် အနိုင်ရရှိကာ ဘရူနိုင်း ဘုရင့် ဖလားပြိုင်ပွဲ၌ ပထမဆုံး အ ကြိမ်ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် သြဂုတ် ၂၄ ရက် ညနေ ၄ နာရီက ရန်ကုန်လေ ဆိပ်သို့ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့တွင်းသို့ ဆုဖလားနှင့် အတူလှည့်လည်အောင်ပွဲခံခဲ့ရာ ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။
မြန်မာယူ-၁၉ အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယင်းနေ့ညပိုင်းတွင်ပင် သုဝဏ္ဏ အားက စားကွင်းအတွင်း ဆက်လက် ကျင်းပခဲ့ပြီး ပရိသတ်တစ်ထောင် ကျော် လာရောက်အားပေးခဲ့ကြ သည်။ မြန်မာယူ-၁၉ အသင်း သည် ယခုနှစ်ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များမှ ဗိုလ်လုပွဲအထိ ရှုံးပွဲမရှိခဲ့ဘဲ ချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်သည်။ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ စဉ်များကို ပြည်တွင်းအခမဲ့ရုပ် သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ ပြီး ရန်ကုန်လေဆိပ်မှ သုဝဏ္ဏ ကွင်းသို့ သွားရာလမ်းကြောင်း တစ်လျှောက် ပြည်သူများက တစ်ခဲနက် အားပေးခဲ့ကြသည်။
‘‘မြန်မာ ယူ-၁၉ အသင်း အရမ်းကောင်းပါတယ်။ ၉၃ ဆီးဂိမ်းက သန်းတိုးအောင်တို့ အသင်းနောက်ပိုင်းအကောင်းဆုံး အသင်းလို့ထင်ပါတယ်။ လာမယ့် အနာဂတ် လက်ရွေးစင်အသင်း အတွက် ဒီလူငယ်လေးတွေက အားကိုးရမယ်လို့ မျှော်လင့်ပါ တယ်’’ ဟု မြန်မာယူ-၁၉ အ သင်းအား ကြိုဆိုခဲ့သည့် မြန်မာ ဘောလုံးပရိသတ် ဦးမြသိန်းက ပြောသည်။
မြန်မာယူ-၁၉ အသင်း ကို သုံးရက်ခန့် အနားပေးမည် ဖြစ်ပြီး သြဂုတ် ၂၈ ရက်တွင် လာမည့်နိုင်ငံတကာပြိုင်ပွဲများအ တွက် ပြန်လည်စခန်းသွင်းလေ့ ကျင့်မည်ဖြစ်ကြောင်း နည်းပြ ချုပ်ဂတ်ဖရိုင်းဒရစ်က ပြောကြားသည်။
7Day Daily

0 comments:

Post a Comment