ဆီးရီးယား သူပုန်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး စစ်သား ၄၅ ယောက်စလုံး လွတ်မြောက်လာပြီလို့ သိရပါတယ်။
သူပုန်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး စစ်သားတွေဟာ ဖီဂျီနိုင်ငံက စစ်သားတွေ ဖြစ်ပြီး အစ္စရေးနိုင်ငံ နယ်စပ် Golan Heights ဒေသမှာ Al Nusra Front လို့ ခေါ်တဲ့ ဆီးရီးယား သူပုန်တွေရဲ့ ဖမ်းဆီးမှုကို နှစ်ပတ်ကြာ ခံခဲ့ရတာပါ။
ဖမ်းဆီးခံရသူတွေ အားလုံး လွတ်မြောက်လာပြီး သူတို့ အခြေစိုက်ရာ စ ခန်း ဆီ ကို ပြန် သွား နေကြတယ်လို့ အေဘီစီ သတင်းထောက်က ပြောပါတယ်။
အဲဒီလူတွေဟာ အသင့်စောင့်နေတဲ့ ကင်မရာရိုက်ကူးသူတွေကို ကားပေါ်ကနေ လက်ဝေ့ယမ်းပြ နှုတ်ဆက်နေတဲ့ ပုံကို တွေ့ခဲ့ရပြီး ဖမ်းဆီးခံရသူ အားလုံးရဲ့ အခြေအနေက ကောင်းမွန်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ဆီးရီးယားအစိုးရတပ်နဲ့ ဆီးရီးယားသူပုန်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဖီဂျီငြိမ်းချမ်းရေး စစ်သားတွေကို ဆီးရီးယား သူပုန်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Hayden Cooper က ဂျေရုဆလင် မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia
Nusra Front သူပုန် တပ်ဖွဲ့ လွတ်ပေးလိုက်တဲ့ ဖီဂျီနိုင်ငံက ငြိမ်းချမ်းရေးစစ်သားများ (Credit: Reuters)
0 comments:
Post a Comment