ကန်စွန်းဥရဲ့ကျန်းမာရေးအကျိုးကျေးဇူး


ကန်စွန်းဥရဲ့ အမျှင်ဓာတ်ပါဝင်မှုဟာ အာလူးမှာပါဝင်တဲ့ အမျှင်ဓာတ်ထက် ၂ဆပိုများပါတယ်။ အမျှင်ဓာတ် ၇ ဂရမ်ဟာ အသားတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ တူပါတယ်။ ဒါ့အပြင် ကစီဓာတ်နဲ့ အသားဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကာဗွန်ဟိုက်ဒရိုဒ် ကိုလုံလောက်စွာရရှိနိုင်ပါတယ်။ 
ကန်စွန်းဥမှာ Vitamin B6 ပမာဏများစွာ ပါဝင်ပါတယ်။ Vitamin B6 က ခန္ဓာကိုယ်အတွက် အရေးပါလှတဲ့ သွေးလွှတ်ကြောနဲ့ သွေးကြောတွေကို သန်မာစေပြီး သွေးစီးဆင်းမှုကို ကောင်းစွာအထောက်အကူပြုပါတယ်။ နောက်ပြီး ကန်စွန်းဥမှာ ပိုတက်စီယမ်ဓာတ် အမြောက်အများပါဝင်ပါသေးတယ်။ ပိုတက်စီယမ်က ကိုယ်တွင်း ဆိုဒီယမ်ပမာဏနဲ့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေလို့ သွေးအားနည်းသူတွေစားသုံးသင့်ပါတယ်။ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်တဲ့အပြင် ဦးနှောက်နဲ့ အာရုံကြော ကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ 
ဘိုက်တာကလိုရင်းနဲ့ Vitamin Aက အရေးကြီးတဲ့ ရောဂါကာကွယ်တဲ့ Antioxidant ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အရွယ်အစားသိပ်မကြီးတဲ့ ကန်စွန်းဥတစ်လုံးက သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ Vitamin A ပမာဏကိုပေးစွမ်းနိုင်ပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ Antioxidant ဓာတ်က ကင်ဆာရောဂါ အတော်များများကို ကာကွယ်ပေးနိုင်ပါတယ်။ ဘိုက်တာကလိုရင်းဓာတ်ကြောင့် သင့်အရေပြား နေလောင်ဒါဏ်ကို သက်သာစေနိုင်သလို UV ကိုကာကွယ်ပေးနိုင်ပါတယ်။ 
Vitamin C နဲ့ E ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းဥဟာ ရောဂါကာကွယ်စေနိုင်သလို အရေပြားနဲ့ ဆံပင်ကို အထူးကောင်းမွန်စေပါတယ်။

0 comments:

Post a Comment