MH17 ပျက်ကျမှုတွင် သေဆုံး မလေးနိုင်ငံသားများကို စစ်အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်


ပြီးခဲ့တဲ့လက ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်း MH17 မှာ သေဆုံးသွားသူ မလေးရှားနိုင်ငံသားတွေကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုသင်္ဂြိုဟ်မယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၉ ရက်နေ့က ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ကြပြီး မလေးရှားနိုင်ငံသား ၄၃ ဦး ပါဝင်ခဲ့ပါတယ်။

လောလောဆယ် အချိန်အထိ ၂၈ ဦးရဲ့ ရုပ်အလောင်းကိုပဲ နာမည်နဲ့တကွ ခွဲခြားနိုင်သေး တာလည်း ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၂၂ နေ့မှာ ပထမဆုံးအသုတ်အဖြစ် မလေးရှားနိုင်ငံကို ပြန်လည်ရောက်ရှိလာမယ့် ရုပ်အလောင်း ၁၅ လောင်းကို စစ်အခမ်းအနားနဲ့ ကြိုဆိုမှာပြီး အမျိုးသားဝမ်းနည်းဖွယ်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။

ဒီလို စစ်အခမ်းအနားနဲ့ ကြိုဆိုတာဟာ မလေးရှားနိုင်ငံသမိုင်းမှာ ပထမဆုံးလို့လည်း မလေးရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

သေဆုံးသူ ၄၃ ဦးထဲမှာ ၁၅ ဦးက လေယာဉ်အမှုထမ်းတွေဖြစ်ပြီး ၂ ဦးက လူမယ်ခလေးတွေဖြစ်ကြပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment