ယောဂ ဆရာကြီး Iyengar ၉၅ နှစ်မှာ ကွယ်လွန်


အိန္ဒိယ နိုင်ငံမှာ ခေတ်သစ် ယောဂ ကျင့်စဉ်ရဲ့ ဖခင်ကြီးလို့ လူသိများတဲ့ မစ္စတာ အီယန်းဂါ BKS Iyengar ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ ယောဂ ကျင့်စဉ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အတော်များများ ရေးသားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် Iyengar စတိုင်လ် ယောဂကျင့်စဉ်ကြောင့် ကမ္ဘာတဝန်း လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မစ္စတာ အီယန်းဂါဟာ ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့ သြဇာတိက္ကမ ရှိသူ လူ ၁၀၀ စာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။

သူ့အမည် Iyengar ဆိုတဲ့ စကားလုံးကို အောက်စ်ဖို့ဒ် အင်္ဂလိပ် အဘိဓာန်ထဲမှာလည်း ယောဂ ကျင့်စဉ် ပုံစံတစ်မျိုး အဖြစ် ထည့်သွင်း ဖော်ပြထားပါတယ်။

မစ္စတာ အီယန်းဂါဟာ နှစ်ပေါင်း ၈၀ ကြာအောင် ယောဂကို ကျင့်သုံးခဲ့တာ ဖြစ်ပြီး မနှစ်က သူ အကြီးအကျယ် နေမကောင်း ဖြစ်ခဲ့တဲ့ အချိန်အထိ ကြမ်းပြင်မှာ ခေါင်းနဲ့ ထိပြီး နာရီဝက်ကျော် ကြာအောင် ဇောက်ထိုး နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

0 comments:

Post a Comment