HTC Desire 210

----
အားသာချက်
Desire 210 သည် တန်ဖိုး ကျပ် ၉၉,၀၀၀ ဝန်းကျင်တွင် ရှိသော ဖုန်းအမျိုးအစား ဖြစ်သော်လည်း ဓာတ်ပုံစနစ်ပိုင်းတွင် ဓာတ်ပုံများကို ဗီဒီယိုဖိုင်စနစ်အဖြစ် ပြောင်းလဲ ကြည့်ရှုနိုင်ခြင်း ဗီဒီယိုဖိုင်စနစ်အနေဖြင့် ပြန်လည်သိမ်းဆည်းနိုင်ခြင်း၊ ဓာတ်ပုံများအတွက် နောက်ခံသီချင်းသံစဉ်များ ထည့်သွင်းနိုင်ခြင်း စသည့်စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် အွန်လိုင်းစနစ် အသုံးပြုသူများအတွက် ပြည်တွင်းရှိ သတင်းများအား အချိန်နှင့် တစ်ပြေးညီ သိရှိဖတ်ရှုနိုင်စေမည့် HTC Blinkfeed စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
အားနည်းချက်
ဖုန်းတွင် တပ်ဆင်အသုံးပြုထားသော ရှေ့ကင်မရာမှာ သာမန် VGA ကင်မရာဖြစ်ခြင်းကြောင့် Selfie စနစ်တွင် အနည်းငယ် အားနည်းချက်ရှိနေပြီး အသံပိုင်းစနစ်တွင်လည်း ဖုန်း၏ Ringtone နှင့် Alarm သံ စနစ်ပိုင်းတွင် အသံအနည်းငယ်တိုးသည်။
ဒီဇိုင်း
ပုံစံဒီဇိုင်းပိုင်းတွင် 210 သည် အရွယ်အစား ကောင်းမွန်သည်ဟု ဆိုနိုင်သော ဖုန်းဖြစ်သည်။
လက်တစ်ဘက်တည်းဖြင့် ကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် အဆင်ပြေသော အရွယ်အစားမျိုးဖြစ်ပြီး ဘေးတိုက်အကျယ် ၆.၅ စင်တီမီတာနှင့် အထက်အောက် အမြင့် ၁၂.၅၇ စင်တီမီတာရှိသည်။ နောက်ဘက် ကာဗာမှာ ဖြုတ်နိုင်၊ တပ်နိုင်သော ကာဗာအရှင် ပုံစံမျိုးဖြစ်ပြီး ဖုန်း၏ထုထည်မှာ ၁.၀၅ စင်တီမီတာရှိခြင်းကြောင့် ထူသည်ဟု ဆိုနိုင်သော်လည်း ဖုန်း၏နောက်ဘက်ကာဗာအား အခုံးပုံစံမျိုး ပြုလုပ်ထားခြင်းနှင့် ရှေ့ဘက်မျက်နှာပြင်၏ ဘေးဘောင်များကိုလည်း နောက်ဘက်သို့ဆိုက်ထားသော ပုံစံမျိုး ပြုလုပ်ထားကာ ထူသည့်ခံစားချက်အား လျှော့ချထားသော ပုံစံမျိုး ဖြစ်သည်။ GSM/ WCDMA ကွန်ရက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ပုံမှန် Mini Sim ကတ် တစ်ကတ်နှင့် Micro Sim တစ်ကတ်၊ စုစုပေါင်း နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်သည်။ နောက်ဘက်ကင်မရာ ဖွဲ့စည်းမှုတွင် ကင်မရာသည် နောက်ဘက်ကာဗာ၏ အတွင်းသို့ အနည်းငယ် ချိုင့်ထားသော ပုံစံမျိုး ရှိခြင်းကြောင့် ဖုန်း၏ကင်မရာအား အလွယ်တကူ ပွန်းရှခြင်းများကို ကာကွယ်နိုင်သော ပုံစံမျိုးဖြစ်သည်။
Internet Journal

0 comments:

Post a Comment