Eleven Media ကို တရားစွဲမယ့်သတင်း ပြန်ကြားရေးထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘဲ Eleven Media ရဲ့ဖော်ပြချက်တွေဟာ ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ အောက်တိုဘာ ၁ရက်နေ့မှာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုံနှိပ်စက်ဝယ်ယူတဲ့ကိစ္စမှာ Eleven Media ရဲ့ ဖော်ပြချက် မှားယွင်းကြောင်း သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းက ပြီးခဲ့တဲ့ ဇွန်လမှာသတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ပေမယ့် နောက်တစ်နေ့မှာ Eleven Media က အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ထပ်မံဖော်ပြခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ)ကတစ်ဆင့် ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရပိုင်သတင်းစာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


Eleven Media အနေနဲ့ ဖော်ပြချက်ကို ပြင်ဆင်ပေးဖို့ နှစ်ကြိမ်တိတိ ငြင်းဆန်တာ၊ စာနယ်ဇင်းကောင်စီကနေ တစ်ဆင့် ညှိနှိုင်းဖြေရှင်းတာကို ငြင်းဆန်ခဲ့တဲ့အပြင် ထပ်မံစွပ်စွဲမှုတွေလုပ်ခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက် ဝယ်ယူရေးကိစ္စ Eleven Media အနေနဲ့ အထောက်အထား အပြည့်အစုံရှိတာကြောင့် တရားရုံးမှာပဲ ဖြေရှင်းသွားမှာဖြစ်သလို စာနယ်ဇင်းကောင်စီ(ယာယီ)ကို အယုံအကြည် မရှိဘူးလို့ ပြီးခဲ့တဲ့လက တုံ့ပြန်ခဲ့ပါတယ်။

Kamayut Media

0 comments:

Post a Comment