မြောက်ဦးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၁၂ သိန်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိ


မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက်က မြောက်ဦး မြို့ ညောင်ပင်ဈေးရပ်ကွက် နန်းတော် ကုန်း(ပ)ထပ်၌ ဘောလုံးကန်ဆော့ကစားနေသော ငါးတန်းကျောင်းသားများက ချုံပုတ်အတွင်း ဝါးခြင်းတောင်း ဖြင့်ထည့်လျက် မသင်္ကာဖွယ်ရာပစ္စည်း များတွေ့ရှိကြောင်း သတင်းပေးချက် အရ ရှေးဟောင်းသုတေသနဦးစီးဌာန မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့နှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းဝါးခြင်းတောင်းအတွင်းမှ (၄ လက်မထ ၂ လက်မခွဲ)အရွယ် ပလတ် စတစ်ဖြင့်ထုပ်လျက် တစ်ထုပ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ စီပါ ၂ဝ၆ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၁၂ဝဝဝ ပြား (တစ်ပြားလျှင် ၃ဝဝဝ နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၃၆ဝဝဝဝဝဝ)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသဖြင့် မြောက်ဦး မြို့မရဲစခန်းက မယ(ပ)၁။၂ဝ၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

The Mirror Daily

0 comments:

Post a Comment