တွေ့ဖူးသမျှ ကစားသမားတွေထဲ စီရော်နယ်ဒိုက အကောင်းဆုံးဟု အန်စလော့တီပြော


စပိန် ရီးရဲလ်မက်ဒရစ် နည်းပြ အန်စလော့တီက နည်းပြသက်တမ်းအတွင်း တွေ့ဖူးတဲ့ ကစားသမားတွေထဲမှာ ခရစ်စတီယာနို ရော်နယ်ဒိုက အကောင်းဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ညမှာ ယှဉ်ပြိုင်မယ့် ဘူဂေးရီးယားကလပ် ဘူဒိုနဲ့ ပွဲစဉ်အကြို ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုတာ ဖြစ်ပါတယ်။


“ရော်နယ်ဒိုက ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး နံပါတ်တစ် ဖြစ်တယ်ဆိုတာကို သံသယ ရှိစရာ မလိုဘူး။ သူက စကားအများကြီး မပြောပေမယ့် အသင်းကို ဦးဆောင်နိုင်တယ်” လို့ အသက် ၅၅ နှစ်အရွယ် နည်းပြ အန်စလော့တီက ပြောပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးသွင်း အများဆုံး စံချိန်တင်ထားပါတယ်။

0 comments:

Post a Comment