မြေထဲပင်လယ်ကို ဖြတ်သန်းရန် ကြိုးပမ်းသည့် နိုင်ငံပြောင်းရွှေ့ နေထိုင်သူ (၃၀၀၀) ကျော်သေ


ယခုနှစ် အတွင်း နိုင်ငံ ပြောင်းရွှေ့ နေထိုင်သူ (၃၀၀၀) ကျော်ခန့် မြေထဲပင်လယ်ကို ဖြတ်သန်းရင်း စက်လှေနစ်မြုပ် သေဆုံးခဲ့ ရကြောင်း နိုင်ငံတကာ ပြောင်းရွှေ့ နေထိုင်မှု အဖွဲ့ (IOM) က ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ မှပြောင်းရွှေ့ နေထိုင်သူများသည် ဥရောပ နိုင်ငံများတွင် ခိုလှုံခွင့်ရရှိရေး အတွက် စက်လှေ များဖြင့် မြေထဲပင်လယ်ကို ဖြတ်သန်းပြီး စွန့်စား ထွက်ခွာလေ့ ရှိရာ ဥရောပသည် ပုံမှန် မဟုတ်သော နည်းလမ်း များဖြင့် ပြောင်းရွှေ့ နေထိုင်သူများ အတွက် အန္တရာယ်များသော အရပ်တစ်ခု ဖြစ်လာခဲ့ကြောင်း IOM ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် သေဆုံးသူ ဦးရေသည် ယမန်နှစ် ကထက် လေးဆပို များပြီး ၂၀၁၁ ခုနှစ် ကထက် နှစ်ဆပိုများ နေသည်။ ဇန်န၀ါရီမှစပြီး ကမ္ဘာ့ တစ်ဝန်း နိုင်ငံပြောင်းရွှေ့ နေထိုင်သူ (၄၀၇၇) ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ အနက် (၇၅) ရာခိုင်နှုန်းမှာ ဥရောပသို့ ဦးတည် လာရောက်သူများ ဖြစ်ကြကြောင်း IOM ၏ စာမျက်နှာ (၂၁၆) မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မကြာသေးမီရက်များ အတွင်းတွင်လည်း မော်လ်တာ ကမ်းလွန်တွင် ခရီးသည် (၅၀၀) ခန့် တင်ဆောင် လာသော စက်လှေ တစ်စင်း နစ်မြုပ် ခဲ့ပြီး ဖြစ်သည်။နိုင်ငံများသည် ပျောက်ဆုံး နေသော နိုင်ငံ ပြောင်းရွှေ့နေထိုင်သူများနှင့် ပတ်သက်ပြီး စာရင်းအင်း မှတ်သားထားလေ့ မရှိ သောကြောင့် သေဆုံးသူများ မည်သည့် နိုင်ငံသား ဖြစ်သည်ကို ခွဲခြား ထုတ်ဖော်ရန် မလွယ်ကူကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

နို
င်ငံပြောင်းရွှေ့ နေထိုင်သူ ထောင်ပေါင်း များစွာ သေဆုံးခဲ့ရပြီးဖြစ် သောကြောင့် တစ်ကမ္ဘာလုံးသည် ယင်းကဲ့သို့ ပြောင်းရွှေ့ နေထိုင်သူများ အသေဆိုးဖြင့် သေဆုံးနေ ရခြင်းကို ရပ်တန့်နိုင်ရေး ၀ိုင်းဝန်း လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်း IOM ၏ အရာရှိချုပ် ၀ီလျံလေစီဆွမ်း ကပြောဆို ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ စပြီး နိုင်ငံ ပြောင်းရွှေ့ နေထိုင်သူ (၄၀၀၀၀) ကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ ၎င်းတို့ အနက် (၂၂၀၀၀) မှာ ဥရောပသို့ ဦးတည် လာရောက်သော ပြောင်းရွှေ့ နေထိုင်သူများ ဖြစ်ကြကြောင်း သိရသည်။

Source:BBC

0 comments:

Post a Comment