ဗြိတိသျှ ၂ ဦး သတ်ဖြတ်သူကိုဖမ်းမိရေး သတင်းပေးရင် ဘတ် ၇ သိန်း ပေးမယ်ဟုသိရ

ဗြိတိသျှ ၂ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း နိုင်ငံခြားဧည့်သည်တွေကို အလွယ်တကူခြေရာခံ ရှာဖွေနိုင်စေဖို့ ဘယ်လို စီစဉ်ကြမလဲ ဆိုတာတွေကို ထိုင်းနိုင်ငံမှာ စဉ်းစား ဆွေးနွေးနေပါတယ်။ 




Koh Tao ကျွန်းပေါ်မှာ သေဆုံးသူ ၂ ဦးအတွက် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဆုတောင်းပွဲလုပ်စဉ်က ကပ်ခဲ့တဲ့ ပိုစတာတခု (Photo: Reuters / Sitthipong Charoenjai)
ခရီးသွား နဲ့ အားကစား ဝန်ကြီး Kobkarn Wattanavrangkul က ဟိုတယ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး ဖြစ်နိုင်ချေတွေကို ပြောဆိုခဲ့ပါတယ် တဲ့။

ဟိုတယ်ကို ဧည့်သည် ရောက်လာတာနဲ့ လက်ကောက်မှာ ပတ်စရာတခု ပေးလိုက်မယ်၊ အဲဒီမှာ ကိုယ်ရေးအချက်တချို့ ပါမယ်၊ ဘယ်မှာ တည်းခိုနေတယ် ဆိုတာတွေ ပါမယ်။
ဒါကြောင့် ညဘက် အလည်လွန်လို့ နောက်ကျတာ၊ မူးတာ၊ လမ်းပျောက်တာမျိုးတွေ ဖြစ်ရင် အလွယ်တကူ အကူအညီပေးနိုင်ပါမယ်လို့ အမျိုးသမီးဝန်ကြီးက ပြောပါတယ်။

နောက်တဆင့်က ခြေရာခံလိုက်ရလွယ်ကူအောင် အီလက်ထရွန်နစ်ပစ္စည်း ထည့်ဖို့ပါပဲ။ သို့သော်လည်း ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးရခြင်း မရှိသေးပါဘူး လို့ သူက ဆက်ပြောပါတယ်။

ဟိုတယ်တွေကပေးတာတွေကို ဧည့်သည်တွေက လက်ကောက်ဝတ်မှာ ပတ်ပါ့မလား ဆိုတာကလည်း သံသယ ဖြစ်နေကြပါတယ်။

ဒါကတော့ အွန်လိုင်း စာမျက်နှာမှာ တွေ့ရတဲ့ သတင်းကို ကောက်နုတ်ပြီး အကျဉ်းချုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး သေဆုံးတာ ၂ ပတ် ပြည့်လာချိန်မှာ ပြစ်မှုကျူးလွန်သူ(တွေ)ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း 
သတင်းကိုတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ http://www.irrawaddy.org/asia/thai-police-closer-arrest-murder-british-tourists.html မှာ ရေးပါတယ်။

သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ကျွန်းပေါ်မှာ ရာနဲ့ ချီတဲ့ ထိုင်းနဲ့ မြန်မာတွေရဲ့ DNA တွေကို ရယူ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စုံစမ်းထောက်လှမ်းမှုတွေကတော့ အဆုံးသတ်လုပါပြီ။ သို့သော်လည်း တရားခံကိုတော့ မသိကြသေးပါဘူး။

ပြစ်မှုကျူးလွန်သူကိုဖမ်းမိဖို့အရေး သတင်းပေးနိုင်မယ် ဆိုရင် အဲဒီလိုသတင်းပေးသူကို ဘတ် ၇ သိန်း ( ဒေါ်လာ ၂၁,၆၅၀) ဆုပေးမယ်လို့ ရဲတပ်ဖွဲ့က ကမ်းလှမ်းထားတာပါ။
ဒါဟာ မြန်မာငွေ သိန်း ၂၁ဝ နဲ့ ညီမျှတဲ့ ငွေပမာဏပါ။

သတ်ဖြတ်ခံရတဲ့ ဗြိတိသျှ ၂ ဦးထဲက အမျိုးသမီးဟာ မတရားပြုကျင့်ခံခဲ့ရတယ်၊ ဒီအမှုမှာ ပြစ်မှုကျူးလွန်သူ ၃ ဦး ရှိလိမ့်မယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။
ဧရာဝတီ

0 comments:

Post a Comment