ဟောင်ကောင်ဆန္ဒပြမှုများ တရုတ်နိုင်ငံအမျိုးသားနေ့တွင် ဆက်လက်ဖြစ်ပေါ်

ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြသူများသည် အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် တရုတ်အမျိုးသားနေ့တွင် ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။



ဟောင်ကောင်မြို့လယ်အတွင်း ဆန္ဒပြသူများကို စက်တင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဆန္ဒပြသူများသည် မြို့တော်အတွင်း ၀မ်ချိုင်းအရပ်ရှိ ၆၅ နှစ်မြောက် တရုတ်အမျိုးသားနေ့ အလံ တင်အခမ်းအနား ကျင်းပမည့် ဂိုးလ် ဒင်း ဘော် ဟီ နီယာ ရင်ပြင်သို့ နံနက် ၈ နာရီ မထိုးမီကပင် စတင် ရောက်ရှိခဲ့ကြသည်။

အဆိုပါရင်ပြင်တွင် ရဲလုံခြုံရေးများလည်း ချထားပြီး တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များနှ င့်အတူ ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီအွန်ချွန်ယင်းလည်း တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၁ ရက်သည် ဟောင်ကောင်တွင် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆန္ဒပြသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။


ဟောင်ကောင်ဆန္ဒပြပွဲတွင် ဆိုင်းဘုတ်ကိုင်ဆောင်ထားသူ အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

ယခုဆန္ဒပြမှုများသည် တရားမ၀င်သောကြောင့် ရပ်ဆိုင်ကြရန် လီအွန်ချွန်ယင်းက စက်တင်ဘာ ၁ ရက်တွင် သတိပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် တရုတ်ပြည်မကြီးက ၀င်ရောက်ချုပ်ကိုင်မှုမလုပ်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆန္ဒပြသူများ က ပြောကြားသည်။
Ref:AFP

0 comments:

Post a Comment