မနက်ဖြန် ကန်မယ်ပွဲတွင် မြန်မာယူ-၁၉ အုပ်စုမှ တက်ရန် ရုန်းကန်ရမည်

အာရှယူ-၁၉ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အသင်းသည် အုပ်စုတွင်းပြိုင်ဘက် ထိုင်းအသင်းမှလွဲ၍ ကျန်နှစ်သင်း၏ ခြေစွမ်းကိုမသိရှိသည့်အတွက် အုပ်စုအဆင့်မှ ကျော်ဖြတ်ရန် ရုန်းကန်ရနိုင်ကြောင်း အသင်းလက်ထောက်နည်းပြ ဦးညီညီလတ်က ပြောသည်။

‘‘အုပ်စုတွင်း ပြိုင်ဘက်တွေ ထဲမှာ ထိုင်းအသင်းကလွဲပြီး ကျန် နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး။ ထိုင်းကိုတော့ ပြိုင်ပွဲနှစ်ရပ်မှာ တွေ့ဆုံထားဖူးတဲ့အတွက် ခြေ စွမ်းကိုသိနေပြီ။ ယီမင်နဲ့ အီရန် ပွဲ စဉ်တွေကို မကြည့်ရတဲ့အတွက် သူတို့ခြေစွမ်းဘယ်လိုရှိတယ်ဆို တာကို မသိဘူး’’ ဟု ၎င်းက ပြော သည်။

မြန်မာယူ-၁၉ လက်ရွေး စင်အသင်းသည် အာရှပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ကြောင့် ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ တိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့ သည့် အသင်းဖြစ်ပြီး အာရှအင် အားကြီးနိုင်ငံများ ပါဝင်လာသည့် အတွက် အုပ်စုအဆင့်မှ ကျော် ဖြတ်ရန်အတွက်သာ မျှော်မှန်း ထားကြောင်း နည်းပြချုပ်မစ္စတာ ဂတ်ကပြောသည်။

‘‘အာရှအဆင့် အသင်းကြီး တွေ ပါဝင်တဲ့ ပြိုင်ပွဲဖြစ်တဲ့အ တွက် အောင်မြင်မှုရရှိဖို့တော့ မျှော်လင့်လို့ မရဘူး။ အုပ်စုအဆင့်တက်ဖို့ကိုသာ အဓိကလုပ် ဆောင်သွားရမယ်။ အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ ခြေစွမ်းထဲမှာ ထိုင်းကလွဲပြီး ကျန်နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး’’ ဟု ၎င်းကပြောသည်။

အာရှယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ ခြင်းဖြစ်ပြီး အုပ်စု(က)နှင့်(ခ)ပွဲစဉ်များကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(ဂ)နှင့် (ဃ)ကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အကြို ဗိုလ်လုပွဲတက်ရောက်နိုင်သော အသင်းလေးသင်းမှာ ၂၀၁၅ နယူ ဇီလန်တွင် ကျင်းပပြုလုပ်မည့် ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ် သည်။ 

From: 7Day

0 comments:

Post a Comment