ကလေးမရနိုင်အောင် သားအိမ်ဝအတွင်း အားလူးထည့်တားဆီးရာမှ အားလူးသီးအမြစ်တွယ်

ကိုလံဘီယာနိုင်ငံက အသက် ၂၂ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးက ၀မ်း ဗိုက်နာကျင်တဲ့ ဝေဒနာကြောင့် ဆေးရုံတက်အလျင်အမြန်စစ်ဆေးမှုခံယူ လိုက်ချိန်မှာ သူမရဲ့မိန်းမကိုယ် သားအိမ်ဝအတွင်းမှာ ကြီးမားတဲ့အားလူး သီးအမြစ်ပွားရှင်သန်ပေါက်ရောက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကာ အလျှင် အမြန် ဖြတ်ထုတ်ပစ်လိုက်ရတယ်လို့သိရပါတယ်။
အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး လူနာရှင်ရဲ့ ပြောပြချက်အရ သူမ ရဲ့မိခင်ဖြစ်သူက ကိုယ်ဝန်မရနိုင်အောင်နဲ့ သုတ်ပိုးသန္ဓေမအောင်နိုင်အောင် တားဆီးကာကွယ်တဲ့အနေနဲ့ဖြစ်ကြောင်းဆိုပါတယ်။
မိခင်ဖြစ်သူရဲ့ စကားကို လုံးဝတစ်ထစ်ချကြီးယုံကြည်ထားတဲ့ ယင်းအမျိုးသ မီးငယ်က အားလုံးကို သားအိမ်ဝအတွင်းမှာ နှစ်ပတ်ကျော်ကြာထည့်ထားပြီး နောက်မှာ အခုလိုမခံမရပ်နိုင်အောင် နာကျင်လာတာဖြစ်တဲ့အတွက် ဆေးရုံ တက်စစ်ဆေးပြီး ခွဲစိပ်မှုပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
နှစ်ပတ်ကျော်ကြာပြီး တဲ့နောက်မှာ အားလူးက အမြစ်၊ အတတ်တွေပွားလာ ကာ သားအိမ်အတွင်း အသားနံရံကို ကုတ်တွယ်နေကာ ညစ်ထားသလို ဖြစ် နေတာကြောင့် နာကျင်ရတာဖြစ်တယ်လို့ တာဝန်ခံခွဲစိပ်ဆရာဝန်က ရှင်းပြ ထားပါတယ်။

From: phothutaw

0 comments:

Post a Comment