စစ်သွေးကြွများကို တိုက်ဖျက်နိုင်ရေးအတွက် မြေပြင်တပ်ဖွဲ့များ စေလွှတ်ပေးရန် အနောက်နိုင်ငံများကို တူရကီသမ္မတ တောင်းဆို

ဆီးရီးယား နယ်စပ်တွင် တပ်ဖြန့်ထားသည့် တူရကီ တင့်ကားများ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွ များကို တိုက်ဖျက် နိုင်ရေး အတွက် မြေပြင် တပ်ဖွဲ့များကို စေလွှတ်ပေးရန် အနောက် နိုင်ငံများကို တူရကီ သမ္မတ ရီဆက်ပ်တေရစ် အယ်ဒိုဂန် က ယမန်နေ့တွင် တောင်းဆို လိုက်ကြောင်း သိရသည်။

အစ္စလာမ္မစ် စစ်သွေးကြွများ ၏ အကြမ်းဖက် တိုက်ခိုက်မှု များကို လေကြောင်းမှ တိုက်ခိုက်ခြင်း အားဖြင့် အပြီးသတ် ချေမှုန်း တိုက်ခိုက်ရန် မဖြစ်နိုင် သောကြောင့် ယင်းစစ်သွေးကြွ များကို တိုက်ခိုက်ရန် မြေပြင် တပ်ဖွဲ့များကို စေလွှတ် ပေးရန် သမ္မတ အယ်ဒိုဂန် က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စစ်သွေးကြွ များကို တိုက်ခိုက် နေသည့် တိုက်ခိုက်ရေး သမားကို လက်နက်များ နှင့် သင်တန်းများ ပေးရေး၊ အန္တရာယ် ကင်းရှင်းရေး ဇုန်နှင့် လေယာဉ် မပျံသန်းရဇုန် ကို တည်ထောင် ပေးရန် အနောက် နိုင်ငံများသို့ အယ်ဒိုဂန် က တောင်းဆို ခဲ့ကြောင်း သိရသည်။

စစ်သွေးကြွ များကို စစ်ရေးအရ တိုက်ခိုက်ရန် တူရကီ ပါလီမန် က လွန်ခဲ့သည့် သီတင်းပတ် အတွင်းက အတည်ပြု သဘောတူညီ ခဲ့သော်လည်း အဆိုပါ စစ်သွေးကြွ များသည် ယခုအခါ တူရကီနိုင်ငံ နယ်စပ်အနီး အထိ ရောက်ရှိ လာခဲ့ပြီး ယင်းနိုင်ငံ၏ လုံခြုံရေး ကိုပင် ခြိမ်းခြောက် လာခဲ့ကြောင်း သိရသည်။

ပါလီမန်၏ သဘော တူညီချက် အရ ပြည်ပ တပ်ဖွဲ့များ အနေဖြင့် လိုအပ်ပါက တူရကီ နယ်မြေများကို ဖြတ်သန်း၍ စစ်သွေးကြွ များကို တိုက်ခိုက်ရန် နှင့် အဆိုပါ ပြည်ပ တပ်များကို တူရကီ ပိုင်နက်အတွင်း ဖြန့်ကြက် ချထားခြင်း ကိုပါ ခွင့်ပြု ထားကြောင်း သိရသည်။

ယခုအခါ တူရကီ အစိုးရသည် ဆီးရီးယား နှင့် ထိစပ်နေသည့် ၄င်းတို့၏ နယ်စပ် ပိုင်နက်အတွင်း တင့်ကားများ နှင့် တပ်ဖွဲ့ အများအပြား ကို ဖြန့်ကြက် ချထားကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment