အစွမ်းထက် “ဂျင်း” ပင်၏အာနိသင်များ။


ပင်နုပင်ပျော့မျိုးဖြစ်၏။

အမြင့်(၃)ပေမှ (၄)ပေခန့်ထိမြင့်ပြီး ရွက်ရောင် ပင်စည်မျိုး ဖြစ်သည်။

အရွက်မှာ ရွက်ဖျားချွန်းပြီး ရွက်ရင်း သွယ်သည်။

အညိုနုရောင် ရှိသောမြေအောက်ပင်စည် ဥအတတ်ရှိပြီး ဥ၏အဆစ်နေရာများ တွင်အဖတ်လေး များရှိသည်။

အေးသောဓာတ်ရှိ၏။

နှုတ်ကို မြိန်စေ၏။ ကြေကျက် လွယ်၏။

ဝမ်းမီးကို တောက်စေ၏။

သလိပ် လည်းခြေဒေါသ ကိုနိုင်၏။

ဆီးဝမ်း ကိုရွှင်စေ၏။

အဆိပ် ကိုနိုင်၏။

အသနာ၊ရင်နာ၊လေနာတို့ကိုနိုင်၏။

ပြင်းထန်သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများ
ပျောက်ကင်းစေသည်။

ဂျင်းစိမ်းဥတတ်အရည်နှင့်ပျားရည်ကိုရောစပ်ကာလျက်ပေးပါက နှာစေချောင်းဆိုး နှင့်ပန်းနာရင်ကြပ်ရောဂါ
များပျောက်ကင်းသည်။

ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။

ဂျင်စိမ်းရည်အားနှမ်းဆီနှင့် ကြိုချက် ကာရသောဆီကိုအဆစ်အမြစ်ရောင်ရမ်းသောနေရာတွင်လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာ ပျောက်ကင်းသည်။

ဂျင်းစိမ်းကိုဝါးပြီးကိုက်သောနေရာတွင်ငုံထားပါကသွားကိုက်ခြင်း၊သွားနာခြင်းများ ပျောက်ကင်းသည်။

ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကို ရောကာပြုတ်သောက်သော်တုတ်ကွေးနာ ပျောက်ကင်းနိုင်ပြီး သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

Credit: Julyshwemoe

0 comments:

Post a Comment