ဘတ်စ်ကားကို နိုက်ကလပ် အဖြစ် အသွင်ပြောင်း



ရုရှား နိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့မှာ ခရီးသည် ယာဉ်ဘတ်စ်ကားကို နိုက်ကလပ် အဖြစ် အသွင် ပြောင်းထားလို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါ တယ်။ အပြင်ဘက် ကကြည့်ရင် ဘတ်စ်ကားတစ်စီးလို့ ထင်စရာ ဖြစ်ပေမယ့် အတွင်းထဲမှာ နိုက်ကလပ် ပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားဟာ အလွန်ရှည်လျားတာမို့ နိုက်လပ်အဖြစ် ဖန်တီး ပြုလုပ် နိုင်ခြင်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ပါတီပွဲ ပြုလုပ်နိုင်တဲ့ ဘတ်စ်ကားတွေ ထဲမှာတော့ ဒီဘတ်စ်ကားဟာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံ ထားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘတ်စ်ကားထဲမှာ ကခုန်နိုင်တဲ့နေရာ၊ သီချင်းဆို ခန်း၊ အရက်ဘား၊ အိမ်သာစတာတွေ အားလုံးပါဝင်နေ တာကြောင့် ဖြစ်ပါတယ်။

ဒီဘတ်စ်ကားကို ယခင်က သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုခဲ့ပေမယ့် ဆန်းသစ် တီထွင်မှုကြောင့် ပုံစံ ပြောင်းသွားခြင်း ဖြစ်ပါ တယ်။ နိုက်ကလပ်အတွင်း ရောက်ရှိနေသလိုမျိုး ဖန်တီးထား တာကြောင့် ကား အတွင်းပိုင်းမှာ ရောင်စုံမီးတွေ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုဖာ ထိုင်ခုံ၊ တီဗွီ၊ ရေခဲသေတ္တာ၊ အဲယာကွန်း စတာ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကခုန်နိုင်ဖို့ မြူးကြွတဲ့ ဒီဂျေစက် ကိုလည်း တပ်ဆင်ပေးထား ပါတယ်။ ဒါပေမဲ့ ကခုန်နိုင်တဲ့ နေရာကတော့ အနည်းငယ် ကျဉ်းမြောင်းပါတယ်။ ဘတ်စ်ကားကို နိုက်ကလပ် အသွင် ဖန်တီးထား တာကြောင့် လူငယ်တွေ အနေနဲ့ နေရာမရွေး လွတ်လပ်စွာပျော်ရွင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
Messenger

0 comments:

Post a Comment