ဟောင်ကောင် ဆန္ဒပြသူများ ပါဝင်သော စမတ်ဖုန်းဂိမ်း တစ်ခု ထွက်ပေါ်



ဟာင်ကောင်ရှိ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ ဝင်များနှင့် လူဆိုး ဂိုဏ်းဝင် များ၏ တိုက်ခိုက်မှုကို ခုခံပုံများ ပါရှိသော ထီးဝါ Yellow Umbrella အမည်ရှိ စမတ်ဖုန်းဂိမ်း တစ်ခု ထွက်ပေါ်နေပြီး ဟောင်ကောင်ရှိ ဂိမ်း ကစားသူများနှင့် ဆန္ဒပြ သူများကြား ဒေါင်းလုတ် ရယူ ဆော့ ကစားမှုများရှိ နေကြောင်း သိရသည်။

တနင်္လာနေ့မှ စပြီး ထီးဝါ အမည်ရှိ ဂိမ်းအား Google Play မှ ဒေါင်းလုတ်ရ ယူမှု အကြိမ် (၄၀၀၀၀) ကျော်ခဲ့ပြီး ဖြစ်ကြောင်း ဂိမ်းဖန်တီးသူ များက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆို ခဲ့သည်။ ဂိမ်းထဲတွင် ဆန္ဒပြသူ များသည် ရဲတပ်ဖွဲ့ဝင်များ၊ လူဆိုး ဂိုဏ်းဝင်များ၊ ဒေါသ ဖြစ်နေသော ဒေသခံ များနှင့် ၀ံပုလွေ တစ်ကောင် အဖြစ် ၀တ်စားဆင်ယင် ထားသည့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီချွန်းယင် တို့၏ တိုက်ခိုက်မှု များမှ အကာအကွယ် ရယူကြ ရသည်။ ကျူးကျော် လာသူ များရှေ့သို့ ဆန္ဒပြသူများသည် အမွှေးတိုင်များ၊ ငွေကြေးများနှင့် ဒူးရင်းသီး များကို ပစ်ချပြီး တိုက်ခိုက် သူများ၏ အရှိန်နှေးသွား စေရန် ပြုလုပ်ကြ ရသည်။ ထီးဝါဂိမ်းသည် Plant vs Zombies ဂိမ်းနှင့် ဆင်တူကြောင်း သိရသည်။

တိုက်ခိုက်သူများ၏ အင်အား လွန်စွာ ကြီးမားလာပါက ဆန္ဒပြသူများသည် လူသားများကို အကာအကွယ်ပေး တတ်သည့် တရုတ် နတ်ဒေ၀ါ ကွမ်ယုကို ဆုတောင်းကာ အကူအညီ တောင်းခံ နိုင်သည်။ ဆန္ဒပြသူ များသည် လက်ရှိ ပြဿနာကို ဖြေရှင်းလို သော်လည်း ပြေလည်အောင် မဆောင် ရွက်တတ်ကြ သဖြင့် ကွမ်ယုဆီသို့ ဆုတောင်းကြ ရကြောင်း အကြမ်းမဖက် ချင်သော ဆန္ဒပြသူ များသည် နတ်ဒေ၀ါဆီသို့ ဆုတောင်းခြင်းကို နောက်ဆုံး အားထားရာ အဖြစ် လုပ်ဆောင်ခွင့်ရှိ နေကြောင်း ဂိမ်းကို ဖန်တီးသူ ဖန်ကမ်-ကွန်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ပြင်ပ တွင်လည်း ဆန္ဒုပြ သူများသည် ရဲတပ်ဖွဲ့ဝင်များ၏ မျက်ရည်ယို ဗုံးများ၊ နံပါတ်တုတ်များ အသုံးပြုမှုမှ ထီးဝါများ၊ ဖဲကြိုး များကို အသုံးပြုပြီးသာ အကာအကွယ် ယူနေ ကြရသည်။

အုပ်ချုပ်ရေးမှူး လီ၏ အမည်သည် ကန်တုန် ဘာသာ စကားတွင် ၀ံပုလွေဟု အဓိပ္ပာယ်ရ သောကြောင့် အုပ်ချုပ်ရေးမှူး လီအား ၀ံပုလွေဖြင့် ခိုင်းနှိုင်း ခြင်းသည် တိုက်ရိုက် စော်ကားမှု တစ်ခုလည်း ဖြစ်သည်။ သို့သော် ဆန္ဒပြ လှုပ်ရှားမှုများ၏ အဓိက အနှစ်သာရမှာ အကြမ်းမဖက်သော လမ်းစဉ် ကျင့်သုံးခြင်း ဖြစ်သောကြောင့် ဂိမ်းထဲတွင် ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ 

Source:AFP
Messenger

0 comments:

Post a Comment