အိမ်အကူ မိန်းကလေး တစ်ဦး ပျောက်ဆုံးနေ မှုအား တာမွေ ရဲစခန်းမှ ဆက်လက် စုံစမ်းနေကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ တာမွေ မြို့နယ်တွင် ဥက္ကံမှ လာရောက်ကာ အိမ်အကူ လုပ်နေသော မိန်းကလေးတစ်ဦး ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဥက္ကံမြို့နယ် ရဲစခန်းမှ သိရသည်။
တာမွေမှာ အိမ်ဖော်သွား လုပ်ရင်းနဲ့ လုပ်တဲ့ အိမ်ကနေ ပျောက်သွားတယ်။ အလုပ်လုပ်နေတာ လေးငါးလ ရှိနေပြီလို့ ပြောတယ်။ တာမွေ အပိုင်းကနေ ပျောက်တော့ တာမွေ ရဲစခန်းမှာပဲ လူပျောက်မှုနဲ့ ဖွင့်ထားတယ် ဟု ဥက္ကံရဲစခန်းမှ တာဝန်မှူးက The Messenger Media သို့ပြောသည်။
၎င်းမိန်းကလေးသည် စက်တင်ဘာလ (၄) ရက်နေ့တွင် အလုပ်လုပ်နေသည့် တာမွေကြီး ရပ်ကွက် အိမ်မှ ဈေးဝယ်ထွက် သွားပြီး နောက် ပြန်လည် ရောက်ရှိ လာခြင်း မရှိ သောကြောင့် ၎င်း၏ အစ်မဖြစ်သူနှင့် အိမ်ရှင် အမျိုးသမီးတို့မှ အောက်တိုဘာလ (၃) ရက်နေ့တွင် လာရောက်၍ လူပျောက်တိုင် တန်းခဲ့ကြောင်း တာမွေမြို့နယ် နယ်ထိန်းက ပြောသည်။ လူပျောက် တိုင်တယ် ဆိုတော့ အမှုဖွင့်လို့ မရဘူးလေ။ အမှတ်စဉ် (၄၅)/၂၀၁၄ နဲ့ တိုင်ထားတာပါ။ ဥက္ကံမြို့က ပျောက်တဲ့ မိန်းကလေးရဲ့ မိသားစုတွေ လည်း သွားတယ် ဟု ၎င်းက The Messenger Media သို့ ပြောသည်။
အဆိုပါ ပျောက်ဆုံးနေမှုမှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းမှ ဆက်လက် စုံစမ်းလျက် ရှိသည်။ အောက်တိုဘာလ (၁၀) ရက်နေ့က တိုက်ကြီး မြို့နယ်တွင် ဆယ်တန်းကျောင်းသူ သုံးဦးပျောက်ဆုံးခဲ့မှုမှာ (၁၀) ရက်အကြာတွင် ရွှေပြည်သာ စက်မှုဇုန်မှ ပြန်လည်တွေ့ရှိ ခဲ့သည်။
Messenger

Yangon
0 comments:
Post a Comment