လျှာနဲ့ ရေးထားတဲ့ ပန်းချီ


တရုတ်နိုင်ငံသား ဟန်ဟာ ပန်းချီကားတွေကို ထူးထူးခြားခြား လျှာနဲ့ ရေးဆွဲမှုပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။ လျှာကို စုတ်တံ တစ်ခုလို အသုံးပြုပြီး ပန်းချီကားတွေ ရေးဆွဲနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဟန်ဟာ ပန်းချီ ကားတွေ ရေးဆွဲရာမှာ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုဗေဒ ဆေးတွေ အသုံးပြုခြင်း မရှိဘဲ အစားအစာတွေက နေရတဲ့ ဆေးတွေ ကိုသာ အသုံးပြု လေ့ရှိပါတယ်။ အသက် (၃၅)နှစ်ရှိ ပြီ ဖြစ်တဲ့ ဟန်ဟာ အစောပိုင်းမှာ တရုတ် ရိုးရာ ပညာရပ် တစ်ခုဖြစ်တဲ့ အစားအစာတွေ ကနေ ဖော်စပ်ထားတဲ့ ဆေးတွေကို အသုံးပြုပြီး လက်နဲ့ ပန်းချီရေးဆွဲခဲ့ပါတယ်။ နဂါး၊ မျောက်၊ ငါး၊ ခွေး၊ ၀က်၊ ပန်းစတာတွေကို ရေးဆွဲပြီး အတော်ကြာလာတဲ့အခါ ဗိုက်ဆာတာမို့ အစားအစာ တွေကနေ ဖော်စပ်ထားတဲ့ ဆေး တွေကို တစ်ကျိုက်တည်း မော့သောက်ခဲ့ပါတယ်။ ဒီနောက် ပန်းချီကို လျှာနဲ့ ရေးဆွဲ ဖို့ စတင်စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဟန်ရဲ့ လက်ရာတွေက ကောင်းမွန်တာမို့ ချီးကျူးခြင်း ခံခဲ့ရပါတယ်။ အခုဆိုရင် ဟန်ဟာ လျှာနဲ့ ရေးဆွဲတဲ့ ပန်းချီတွေကို ရေးဆွဲရင်း တရုတ်နိုင်ငံ အနှံ့ပြသမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဟန်ဇူးဒေ သမှာ ပန်းချီကား နှစ်ချပ်ကို လျှာနဲ့ မိနစ်(၄၀) ကြာရေးဆွဲပြီး ချက်ချင်းရောင်းချနိုင်ခဲ့ပါတယ်။ ဟန်က ပန်းချီရေးဆွဲရာမှာ စုတ်တံကို အသုံး ပြုခြင်းထက် လျှာကို အသုံးပြု ခြင်းက ထူးခြားတဲ့ ခံစားမှုကို ရရှိစေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဟန်ဟာ ပန်းချီကားတွေကို လျှာနဲ့ ရေးဆွဲရာ မှာ ပထမဆုံး မဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့ နှစ်နှစ်က အိန်္ဒိယနိုင်ငံသား တစ်ဦးဟာ ပန်းချီကားတွေကို လျှာနဲ့ ရေးဆွဲခဲ့ဖူးတယ်လို့ သိရပါတယ်။
Messenger

0 comments:

Post a Comment