အသက် (၁၉)နှစ်ပြည့် မွေးနေ့မှာ ဒေါ်လာ (၄) သန်းတန်ထီ ကံထူးခဲ့သူ




အမေရိကန် ပြည်ထောင်စု၊ ချီကာဂို ပြည်နယ်မှာ နေထိုင်တဲ့ အိုကမ်ပိုဟာ သူ့ရဲ့ အသက် (၁၉) နှစ်ပြည့်မွေးနေ့မှာ ဒေါ်လာ လေးသန်းတန်ထီ ကံထူးသွားခဲ့ပါတယ်။ ထူးခြား တိုက်ဆိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ သန်းကြွယ် သူဌေး ဖြစ်သွားခဲ့ခြင်းဟာ အလွန်ကို ကုသိုလ်ကံ ထူးတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ အိုကမ်ပိုဟာ မွေးနေ့ မတိုင်ခင်မှာ ဖခင် ဖြစ်သူက ထီလက်မှတ် လက်ဆောင်ပေးခဲ့ ပါတယ်။ မွေးနေ့ လက်ဆောင် အဖြစ် ပေးထားတဲ့ ထီလက်မှတ် တွေကန ဒေါ်လာ လေးသန်းတန် ထီပေါက် သွားခဲ့ခြင်း ဖြစ်ပါတယ်။ အိုကမ်ပိုဟာ အသက် (၁၉) နှစ်သာ ရှိသေးပြီး ထီပေါက်ခဲ့ မှုကြောင့် လွန်စွာ ၀မ်းသာလျက် ရှိပါတယ်။ အိုကမ်ပိုရဲ့ ဖခင်ဟာ ဒေါ်လာ (၂၀) ဖိုး ထီကံစမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ထီလက်မှတ် တွေကို သမီးဖြစ်သူရဲ့ မွေးနေ့ လက်ဆောင် အဖြစ် ပေးအပ်ခဲ့တာပါ။ထီပေါက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အိုကမ်ပိုက ဘ၀ တစ်သက်တာမှာ အမှတ်တရ အဖြစ်ဆုံး လက်ဆောင်ကို ဖခင်ဖြစ်သူက ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ အိုကမ်ပိုဟာ ထီပေါက်ထားတဲ့ ပိုက်ဆံတွေကို မိသားစု အတွက် ပြန်လည် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မိသားစုကို အိမ်သစ် တစ်လုံး ၀ယ်ပေးသွားပြီး သူ့ဘ၀ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ သူနာပြု ဆရာမ ဖြစ်လာဖို့ လည်း ပညာတွေ ဆက်လက် သင်ယူ သွားမှာ ဖြစ်ပါတယ်။
Messenger

0 comments:

Post a Comment