တရုတ်နိုင်ငံ အနောက်မြောက်ဘက် တွင် ကျောက်မီးသွေးတွင်း ပြိုကျရာ လူ ၁၆ ဦးသေဆုံး



တရုတ်နိုင်ငံ အနောက် မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာ လုပ်သား ၁၆ ဦးသေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

အဆိုပါ ကျောက်မီးသွေးတွင်း ပြိုကျမှုသည် နိုင်ငံ အနောက် မြောက်ပိုင်း ၊ ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အူရွမ်ချီမြို့ အပြင်ဘက် တီချန်းကော့ မြို့နယ်၌ အောက်တိုဘာ ၂၄ ရက် သန်းခေါင်ယံချိန် မတိုင်မီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း ပြိုကျမှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ ကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံရှိ ကျောက်မီးသွေးတွင်း များသည် ကမ္ဘာပေါ်ရှိ အန္တရာယ် အများဆုံး ကျောက်မီးသွေးတွင်း များတွင် အပါအဝင် ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် မကြာသေးမီ နှစ်များ အတွင်းက မတော်တဆမှု များကြောင့် သေဆုံးသူ ဦးရေကို လျှော့ချရန် အတွက် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းများ၌ ဘေးအန္တရာယ် ကင်းရှင်းရေး ကို တိုးမြှင့် ခဲ့ကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment