ချယ်လ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူရန် ဆုံးဖြတ်ထားကြောင်း ကော့တွိုက်စ်ဆို

ပြီးခဲ့သည့်ရာသီကအက်သလက်တီကိုအသင်းနှင့်အတူချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ကျဆုံးခဲ့ရသည်ကိုချယ်လ်ဆီးအသင်းနှင့်ဖလားပြန်လည်ရယူပြီး ချေဖျက်ရန် ရည်မှန်းထားကြောင်း ဂိုးသမားကော့တွိုက်စ်က ပြောသည်။



အသက် ၂၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်သည်အက်သလက်အသင်းတွင်သုံးနှစ်ကြာအငှားသွားရောက်ကစားခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ပြီးနောက်ချယ်လ်ဆီး အသင်းသို့ ပြန်လည်ရောက်ရှိလာကာ ကာလရှည်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်သည်။

“ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်ကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ချယ်လ်ဆီးနဲ့ အောင်မြင်မှုပြန်လည် ရရှိခဲ့မယ်ဆိုရင် ဒါဟာ တကယ်ကိုကောင်းတဲ့ခံ စားချက်မျိုး ဖြစ်လာမှာပါ။ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့အတူ အောင်မြင်မှု ရယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီအချိန်မှာချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ် ဖလားရနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ကော့တွိုက်စ်က ပြောသည်။

ကော့တွိုက်စ်သည် အက်သလက်တီကို အသင်းတွင် လာလီဂါဖလား၊ ယူရိုပါလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားများ ကိုရရှိ ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းအတွက် လက်စွမ်းပြခဲ့သူဖြစ်သည်။

ရည်ညွှန်း ဒေးလီးအိတ်စ်ပရက်
Mizzima

0 comments:

Post a Comment