အစိုးရတပ် ပစ်ခတ်၍ ကေအဲန်ယူ တပ်ဖွဲ့ ၁ဦးသေ၊ တဦးထိခိုက်

ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်အတွင်းရှိ စက်တင်ဘာလ ၂၇ရက်နေ့က မြန်မာ အစိုးရတပ် ၀င်ရောက်V ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(KNDO) တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

"အစိုးရဘက်က စစ်ကြောင်းပုံစံ ၀င်လာတာကို စခန်းနားရောက်မှ သိရတယ်။ အဲဒီမှာ ပစ်ခတ် ခံရပြီး KNDO က တယောက်သေတယ်။ တယောက်က ဒဏ်ရာရသွားတယ်"ဟု ဒေသခံ ဆေး တပ်သားတဦးက အတည်ပြု ပြောဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှာ မူသယ်ကျေးရွာအနီးရှိ ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၏ KNDO ရှေ့တန်း တပ်ခွဲစခန်း(ပလယ်ကော်ပလောစခန်း)တွင်ဖြစ်ပြီး အစိုးရတပ်မှ ကြိုတင် အကြောင်းကြားမှုမရှိဘဲ ခန့်မှန်းခြေ အင်အား ၃၀ခန့်က စစ်ကြောင်းပုံစံ ၀င်ရောက် လာခြင်းဖြစ်ကြောင်း နယ်မြေခံ တပ်မဟာ(၃)ဘက်က ပြောသည်။

ထိုဒေသမှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့၏ ဟဲဒဲနယ်မြေဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကို ၎င်းဆေးဝန်ထမ်းများမှတဆင့် ကေအဲန်ယူ တပ်မဟာ(၃) ဌာနချုပ်သို့ ယမန်နေ့ညနေက ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ကေအိုင်စီ - ကရင်သတင်းဌာန

0 comments:

Post a Comment