အသက် ၉ နှစ် အရွယ်ရှိ ကမ္ဘာ့ အသန် မာဆုံး ကလေးငယ် ကာယ ဗလ လေ့ကျင့်မှု ပြသ

ရိုမေးနီးယားနိုင်ငံမှ ကမ္ဘာ့အသန်မာဆုံး ကလေးငယ်ဟု တင်စား ခေါ်ဝေါ်ခံရသည့် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် နွေရာသီ အားလပ်ရက်အတွင်း အလေးမခြင်းနှင့်ကာယဗလ လေ့ကျင့်ခြင်းတို့ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အား ၎င်း၏ Youtube ဝက်ဘ်ဆိုက် စာမျက်နှာတွင် ပြသခဲ့ကြောင်း သိရသည်။ ဂူလီယာနိုစတိုး အမည်ရှိ ယင်းကလေးငယ် သည် အသက် ခုနစ်နှစ်အရွယ်ရှိ ညီဖြစ်သူနှင့်အတူ ယင်းဗီဒီယိုဖိုင်၌ ၎င်း၏ ပြောင်မြောက်သော ကာယပညာ စွမ်းရည်ကို ပြသ ခဲ့သည်။

ဂူလီယာနိုစတိုးတို့ ညီအစ်ကိုနှစ်ဦးသည် ယင်းဗီဒီယိုဖိုင်တွင် ၉ဝ ဒီဂရီ လက်ထောက်မှောက် လေ့ကျင့်ခြင်းကို ကြည့်ရှုသူများ အံ့အားသင့်ဖွယ်ဖြစ်အောင် လေ့ကျင့် ပြ သနိုင်ခဲ့သည်။ ဂူလီယာနိုစတိုးသည် ရိုမေးနီးယားနိုင်ငံတောင်ပိုင်း အိုင်ကိုအာနာမြို့မှဖြစ်ပြီး ရက်သတ္တပတ်လုံးတွင် တစ်နေ့လျှင် နှစ်နာရီကြာ အလေးမလေ့ကျင့်ခြင်း နှင့် ကာယဗလလေ့ကျင့်ခြင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်လေ့ရှိကြောင်း၊ နွေရာသီ အားလပ်ရက်တွင် အခြားကလေးငယ်များကဲ့သို့ မဟုတ်ဘဲ ကမ္ဘာ့ကိုယ်ခန္ဓာ အသန်မာဆုံးနှင့် အကြံ့ခိုင်ဆုံး ကာယဗလမောင် ဖြစ်လိုသော ၎င်း၏ ရည်မှန်းချက်အတွက် ပြင်းပြင်းထန်ထန် ကြိုးစားလျက်ရှိကြောင်း အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် ပြော ကြားခဲ့သည်။

ထို့ပြင် ဂူလီယာနိုစတိုးတို့ ညီအစ်ကို နှစ်ဦးသည် ကာယဗလအလှကို ထိန်းသိမ်းလိုစိတ် ပြင်းထန်သည့် ဖခင်ဖြစ်သူ အီယူလီယန်နှင့် မိခင် အိုင်လီယာနာတို့ကို ကျေးဇူး တင်ရှိကြောင်း ပြောကြားထားသည်။ သားကြီးဖြစ်သူ ဂူလီယာနိုစတိုး သည် အလွန်ထက်မြက်သူ တစ်ဦးဖြစ်ပြီး ၎င်းအနှစ်သက်ဆုံး လေ့ကျင့်မှုမှာ ကာယပညာလေ့ကျင့် မှု ဖြစ်ကြောင်း ဖခင်ဖြစ်သည့် အီယူလီယန်က ပြောကြားခဲ့သည်။

0 comments:

Post a Comment