ဧရာဝတီဘဏ်က Mobile Banking ကို အောက်တိုဘာတွင် မိတ်ဆက်မည်


ဧရာဝတီဘဏ်သည် လက်ရှိ အချိန်၌ Internet Banking စနစ် ကို ဝန်ဆောင်မှုပေးအပ်နေပြီး လာမည့် အောက်တိုဘာလဆန်းပိုင်း၌ Mobile Banking စနစ်ကို ထပ်မံ ဝန်ဆောင်မှုပေးအပ်မည်ဟု ဧရာဝတီဘဏ်၏ အီလက်ထရွန်နစ်ဌာနမှ ကိုမျိုးဝင်းရည်ကပြောသည်။ Internet Banking စနစ်ကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဝန်ဆောင်မှုပေးအပ်ခဲ့သည့် ဧရာဝတီဘဏ်သည် Mobile Banking စနစ်ကိုဝန်ဆောင်မှုပေးအပ်နိုင်ရန် ပြင်ဆင်နေခြင်ဖြစ်ပြီး အဆိုပါ Mobile Banking စနစ်၌ Internet Banking စနစ်နှင့်မတူညီသော ဝန်ဆောင်မှုသစ်များကို ထည့်သွင်းထားသည်ဟုသိရသည်။
ဧရာဝတီဘဏ်၏ Internet Banking စနစ်၌ ကျပ်ငွေစနစ်တစ်ခုကိုသာ ဖော်ပြပေးနိုင်သော်လည်း Mobile Banking စနစ်၌ ယူရို ၊ အမေရိကန်နှင့် စင်ကာပူငွေကြေး စနစ်များကို ဖော်ပြပေးနိုင်သည်ဟု သိရသည်။ ထို့အပြင် Mobile Banking စနစ်၌ SMS စနစ်ကို အပိုဆောင်းအနေဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။ SMS စနစ်ကြောင့် အင်တာ နက်ကွန်ရက်မလိုအပ်ဘဲ ငွေကြေး များကို လွှဲပြောင်းပေးအပ်နိုင်မည့် အပြင် အခြားသောဝန်ဆောင်မှုများ ဖြစ်သည့် နိုင်ငံတကာသုံးစမတ် ကတ်များဆီသို့လည်း Internet Banking နှင့် Mobile Banking စနစ်ကိုအသုံးပြု၍ ငွေကြေးလွဲ ပြောင်းအသုံးပြုနိုင်မည်ဟု သိရသည်။ ထို့အပြင် ATM စက်များ ၏ တည်နေရာများကို ကြည့်ရှုနိုင် ခြင်းနှင့် မိုဘိုင်းဖုန်းများဆီသို့ ငွေကြေးဖြည့်သွင်းနိုင်ခြင်း ၊ ဈေးဝယ် စင်တာများ၌ ငွေကြးပေးချေနိုင် ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ Mobile Banking စနစ်ကို အင်းဝဘဏ် ၊ CB ဘဏ်နှင့် အခြားသောဘဏ်တစ်ခု တို့က စတင်ဝန်ဆောင်မှုပေးအပ်နေ ပြီဖြစ်ပြီး ဧရာဝတီဘဏ်က လေးခုမြောက်ဘဏ်အဖြစ် Mobile Banking ကို ၀န်ဆောင်မှုပေးအပ် မည်ဖြစ်သည်။ အင်းဝဘဏ်၏ Mobile Banking စနစ်၌ အသုံးပြု သူ ၅ သောင်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း အခြား သောဘဏ်များကမှု ထုတ်ပြန်ပြော ဆိုခဲ့ခြင်းမရှိပေ။ ဧရာဝတီဘဏ်သည် Internet Banking စနစ်နှင့် Mobile Banking စနစ်အသုံးပြုသူများအတွက် ငွေကြေးစာရင်းဇယားများကို အချိန် နှင့်တစ်ပြေးညီအသုံးပြုနိုင်စေရန် အင်တာနက်မှတစ်ဆင့် ဘဏ်ခွဲ အားလုံးကို ကွန်ရက်တစ်ခုချိတ် ဆက်ထားကြောင်း သိရသည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ် သည် ဘဏ်ခွဲပေါင်း ၇၉ ခုကို ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၅ ခုနှစ် မတ်လ၌ ဘဏ်ခွဲပေါင်း ၁၂၀ ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထား သည်။ လက်ရှိအချိန်၌ ဧရာဝတီဘဏ်တွင် Internet Banking အသုံးပြုသူ ၄၃၀၀ ဝန်းကျင်ရှိသည်။

မြဝတီ နည်းပညာ

0 comments:

Post a Comment