အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရသည့် အကြောင်းရင်း


နှလုံးနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် မျိုးဗီဇပစ္စည်း တစ်ခုသည် အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း သုတေသီများကဆိုသည်။

အတက်ရောဂါရှိစေရန် ဖန်တီးထားသည့် တိရစ္ဆာန်များတွင်စမ်းသပ်ချက်အရ SENP2 အမည်ရှိမျိုးဗီဇ ပစ္စည်း တစ်စိတ်တစ်ပိုင်း ချို့တဲ့နေ သည့်ကြွက်များတွင် အတက်ရောဂါ ပိုမိုထကြွလေ့ရှိပြီး ရုတ်တရက် သေဆုံးတတ်သည်ကိုတွေ့ရသည်။


SENP2 ပရိုတင်းချို့တဲ့မှုနှင့် ကင်ဆာရောဂါတို့ ဆက်စပ်မှုရှိမရှိ စမ်းသပ်ရန် မွေးမြူထားသောကြွက် များတွင် အထက်ပါတွေ့ရှိချက်များ ကိုပါ ထပ်မံတွေ့ရှိရခြင်းဖြစ်သည်ဟု သုတေသီများကဆိုသည်။

“SENP2 ပရိုတင်းဟာ ဦးနှောက်ရဲ့  hippocampus အစိတ်အပိုင်းမှာ အများဆုံးတွေ့ရပါတယ်။ အဲဒီအစိတ်အပိုင်းဟာ အတက်ရောဂါ စတင်ထကြွစေတဲ့ ဦးနှောက်အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။ အတက် ရောဂါရှိသူတွေ ရုတ်တရက်သေဆုံး နှုန်းဟာ သာမန်လူတွေထက် အဆ နှစ်ဆယ်လောက် ပိုများပါတယ်။ ရုတ်တရက်သေဆုံးရတဲ့ နောက်ကွယ် မှာ မျိုးဗီဇအရင်းခံအကြောင်းရင်း တွေရှိနေတာ သိလာရတဲ့အတွက် အတက်ရောဂါရှိသူတွေကို အကူအညီများစွာပေးလာနိုင်မှာ ဖြစ်ပါ တယ်”” ဟု University of Texas MD Anderson Cancer Center မှ သုတေသီ Edward Yeh ကဆိုသည်။

ဦးနှောက်တွင်း SENP2 ပရို တင်းချို့တဲ့သည့်အခါ အတက်ရောဂါထကြွစေသည့် အာရုံကြောစနစ်ကိုလှုံ့ဆော်ပြီး နှလုံးလျှပ်စီးပတ်လမ်း စနစ်ကိုပါ ပြောင်းလဲမှုများဖြစ်ပေါ် စေသည်။ ထို့ကြောင့် နှလုံးသွေးဝင် ခန်းနှင့် သွေးလွှတ်ခန်းတို့အကြား ဆက်သွယ်မှုများပိတ်ဆို့ပြီး နှလုံးခုန် နှုန်းနှေးကွေးကာ ရုတ်တရက်နှလုံးခုန်ရပ်သည်အထိ ဖြစ်စေသည်ကို တွေ့ရသည်။

SENP2 ချို့တဲ့လာသည့် ကြွက်များသည် မွေးကင်းစအရွယ်၌ မသိသာသော်လည်း ခြောက်ပတ်မှ ရှစ်ပတ် အရွယ်ရလာသည့်အခါ အတက်ရောဂါ စတင်ခံစားလာရပြီး ရုတ်တရက် သေဆုံးလေ့ရှိသည်ကို တွေ့ရသည်။

အတက်ရောဂါရှိသူများတွင် ရုတ်တရက်သေဆုံးရသည့်အကြောင်း ရင်းကို ကြွက်များတွင်တွေ့ရှိရသော ကြောင့် လေ့လာမှုများ၊ ကုသမှုနည်း လမ်းများ ထပ်မံပြုလုပ်နိုင်မည်ဖြစ် ကြောင်း သုတေသီများကဆိုသည်။

ဇော်ကို
Ref;MDI
Health Updates Journal

0 comments:

Post a Comment