အမေရိကန် နှင့် မိတ်ဖက် အာရပ်နိုင်ငံတို့ ဆီးရီးယားရှိ IS စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်


အမေရိကန်နှင့် မိတ်ဖက် အာရပ်နိုင်ငံအချို့သည် ဆီးရီးယားရှိ IS စစ်သွေးကြွပစ်မှတ်များကို အင်္ဂါနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဒဏ်ပိနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်က ထိုးစစ်ဆင်နွှဲခြင်း ဖြစ်သည်။
ယခုလေကြောင်း တိုက်ခိုက်မှုများမှာ IS တို့က ၄င်းတို့၏ မြို့တော်အဖြစ် ကြေညာထားသော ရက်ကာမြို့ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အခြားနေရာများလည်းပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်မှု၌ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များနှင့် တိုမဟော့ ဒုံးကျည်များ ပါဝင်ကြောင်း အမေရိကန်စစ်အရာရှိကြီး တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

Ref : CNN

0 comments:

Post a Comment