နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး


စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ အပါအ၀င် နာမည်ကျော်အနုပညာရှင်များ၏ မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ်သည့် ဖြူစင်နှင့် မငယ်တို့သည် စက်တင်ဘာလ ၂၂ ရက် ညနေက ငွေဆောင်ကမ်းခြေတွင် ရေကစားရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။


ထိုမိတ်ကပ်ဖန်တီးရှင် နှစ်ဦးသည် စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့၏ အမ်တီဗီရိုက်ကူးရေးတွင် မိတ်ကပ်ပြင်ပေးရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ရေဆင်းဆော့ရင်းဖြစ်တာလို့ တွေ့လိုက်တဲ့လူတွေက ပြော ကြတယ်။ မနေ့ ညနေပိုင်းလောက်က ရေနစ်သွားတာ။ တစ်ယောက် ကတော့ သိပ်မကြာဘူး။ ပြန်ပေါ်လာတယ်။ နောက်တစ်ယောက်က ဒီနေ့မနက်မှာ ထပ်ပေါ်လာတယ်’’ ဟု ငွေဆောင်ကမ်းခြေမှ ဒေသခံတစ်ဦးဖြစ်သူ ကိုသူရစိုးက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ငွေဆောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာအရာရှိ မရှိသောကြောင့် ဖြေကြား၍ မရကြောင်း ညစောင့်တာဝန်ကျတပ်သားတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်လုံး ရေဆင်းဆော့နေတုန်း လှိုင်းပုတ်ပြီး နစ်သွားတာ။ ကမ်းခြေက လူတွေကယ်ဖို့ လိုက်ကြတော့ မမီတော့ဘူး။ ဘယ်လိုမှ မယုံနိုင်ဘူး။ မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်သွားတာ။ စိတ်ထဲမှာ အခုထိမဖြေနိုင်သေးဘူး’’ဟု ၎င်းတို့နှင့်အတူ ငွေဆောင်တွင် အတူရှိနေခဲ့သူဟု ယူဆရသည့် သူငယ်ချင်းတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

Ref: World Myanmar

0 comments:

Post a Comment