ကကတစ်စတူး


ကျွန်တော်ချက်တဲ့ပုံစံလေးအတိုင်းပဲဖော်ပြလိုက်ပါတယ်..ပါဝင်ပစ္စည်းနည်းတယ်
မြန်တယ်..အရသာရှိတယ်..။


ကကတစ်ငါး........၃၀ ကျပ်သား(၁) ကောင်
ချင်း....................၁တက်( အမျှင်လှီး)
ကြက်သွန်ဖြူ ........၇ တက်( ပါးပါးလှီး)
ခရုဆီ..................၂ဇွန်း(ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်...၁ ဇွန်း(.....။.....)
သကြား+ ဟင်းခတ်မှုန့်..အနည်းငယ်စီ
ကြက်သွန်မြိတ်.....၃ ပင်ခန့် ( လက်တစ်ဆစ်) **ကျွန်တော်ချက်တဲ့နေ့ကမရှိလို့ သုံးမထားပါ
ငရုတ်ကောင်း.........အနည်းငယ်

ကကတစ်ငါးကိုရေဆေးသန့် စင်ပြီး..ပါးဟပ်တွေဖြုတ်ကာ..အရသာအနည်းငယ်
နှင့်နှပ်ထားပါ..။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုငဆပူပေးပြီး..မျှင်မျှင်လှီးထားတဲ့ချင်း ၊
ပါးပါးလှီးထားတဲ့ကြက်သွန်ဖြူ တွေကို မွှေးလာအောင်ဆီသတ်ပေးပါ။

အရသာနယ်ထားတဲ့ငါးကို..အပေါ်ယံတင်းအောင်ထည့်ပေါင်းဆီသတ်ပါ။

ငါးအနည်းငယ်တင်းသွားပြီဆို ..ရေလက်ဖက်ရည်ပန်းကန်လုံး၁ခွက်စာကို
ပတ်ပတ်လည်လောင်းထည့်ပြီးချက်ချင်းဆိုသလို ၊ပါဝင်သောအရသာတွေ
အားလုံးဖြည့်စွက်ပြီး..အဖုံးအုပ်ထားပါ..။

သစ်သားယောင်းမလေးနှင့်မွှေပေးပြီးဟိုဖက်ဒီဖက်လှည့်ပေးပါ။

ရေခန်းသွားပြီး..အနှစ်ခပ်ပျစ်ပျစ်လေးဖြစ်ချိန်မှာ..ငရုတ်ကောင်းဖြူး ၊ ကြက်သွန်
မြိတ်တွေရောထည့်မွှေပေးလိုက်ရင်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ..။

0 comments:

Post a Comment