ပါကစ္စတန်နိုင်ငံက ရေပြင်မှ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ စွမ်းရည် မြင့်တက်လာရန် ပြင်ဆင်လုပ်ဆောင်

ပါကစ္စတန်နိုင်ငံသည် ၎င်း၏ မြေပြင် အခြေစိုက် လက်နက်များ နျူကလီးယား တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့လျှင် ဒုတိယ တိုက်ရေးစွမ်းရည် အဖြစ် ရေပြင်အခြေစိုက် ဒုံးကျည်များနှင့် တာတိုပစ် နျူကလီးယား ထိပ်ဖူး တည်ဆောက်မှုတို့ကို တိုးချဲ့ လျက်ရှိသည်ဟု စက်တင်ဘာလ ၂၂ ရက်က ၀ါရှင်တန်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ပါကစ္စတန်၏ နောက်ထပ် စစ်ရေးဗျူဟာ ခြေလှမ်းအတွင်း စစ်သင်္ဘောများမှ ဖြစ်စေ နိုင်ငံပိုင် ဒီဇယ်စွမ်းအင်သုံး ရေငုပ် သင်္ဘောငါးစီးအနက် တစ် စီးစီးမှ ဖြစ်စေ အိန္ဒိယ သမုဒ္ဒရာအတွင် နျူကလီးယား ထိပ်ဖူးဖျား ဖြန့်ကြက်နိုင်ရေးအစီအစဉ် တို့ ပါဝင်ကြောင်း ပါကစ္စ တန်နှင့်အနောက် တိုင်း သုတေသီများကို ကိုးကားလျှက် ၀ါရှင်တန် ပို့စ်က သတင်းဖော်ပြသည်။

ယင်းရည်မှန်းချက်ကဲ့သို့ပင် ပါကစ္စတန်နိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်းကလည်း နျူကလီးယား လက်နက်များကို ကွပ်ကဲရန် လေတပ်နှင့် ကြည်း တပ်ဌာနချုပ်တို့နှင့် အလားသဏ္ဍာန်တူသည့် ရေတပ် မဟာဗျူဟာ တပ်ဖွဲ့ဌာနချုပ်ကို ဖွဲ့စည်းခဲ့သည်။

"ကျွန်တော်တို့က လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။ ရည်မှန်းချက်က တစ်နှစ်အတွင်း လောက်မှာ အကောင်အထည် ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဒုတိယစစ်ရေးကွင်းကို တည်ဆောက်ထားရတော့မယ်" ဟု နျူးကလီးယား ပညာရှင်နှင့် ပါကစ္စတန် အစိုးရ ထောက်ပံ့ထားသည့် အစ္စ လာမ်ဘတ် မဟာဗျူဟာ ပညာသင်ကျောင်း အဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ရှီရင်း အမ်မာ ဇာရီ၏ ပြောကြားချက်ကို သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် ဒုံးလက်နက်များ၏ ပစ်ခတ်နိုင်စွမ်း အကွာဝေးကို မြှင့်တင်မည့်အစား မြေပြင်နှင့် အနီးကပ် ပျံသန်းနိုင်သော ရေတပ်မှ ပစ်ခတ်နိုင်သည့် တာတို ပဲ့ထိန်း ဒုံးကျည်များကို တည်ဆောက်လျက်ရှိပြီး ယင်းဒုံးကျည်များသည် ဒုံးခွင်းဒုံးကျည်များကို ပင် ရှောင် ရှားနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

ထို့ပြင် ပါကစ္စတန် နိုင်ငံသည် မြေပြင်နှင့် ရေပြင် ပစ်မှတ်များကို ဦးတည်ပြီး ကီလိုမီတာ ၆၄၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော ပြည် တွင်းဖြစ် နျူကလီးယား စွမ်းအင်ရှိ ဘာဘာ ရေတပ် ဒုံးကျည်များကိုလည်း အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီး ဖြစ်သည်ဟု စစ်တပ် အရာရှိများကပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်နှင့် ပြီးခဲ့သည့် နှစ်အတွင်းကလည်း ပါကစ္စတန် နိုင်ငံသည် နျူကလီးယား စွမ်းအင်ရှိ ကီလိုမီတာ ၆၀ အကွာအဝေးသို့ ပစ်ခတ်နိုင် သည့် စစ်မြေပြင်သုံး တာတိုပစ်ဒုံးကျည်သစ်ကို စမ်းသပ်ခဲ့သည်။
by Mizzima News

0 comments:

Post a Comment