အင်တာနက်ကနေ မျက်ကပ်မှန်တွေ တိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့အမြင်အာရုံ အတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိပညာရှင်တွေက သတိပေး


မျက်ကပ်မှန်တပ်ဆင်တဲ့သူတွေဟာ မျက်မှန်ရောင်းသူတွေဆီမှာ မ၀ယ်ယူပဲ အင်တာနက်ကနေ မျက်ကပ်မှန်တွေတိုက်ရိုက်ဝယ်ယူခြင်းဟာ မိမိရဲ့ အမြင်အာရုံအတွက် စွန့်စားနေတာဖြစ်တယ်လို့ မျက်စိ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မျက်ကြည်လွှာကို အစားထိုးလို့မရနိုင်တဲ့ ထိခိုက်မှု မျိုးဖြစ်စေနိုင်တဲ့ Acanthamoeba လို့အမည်ရတဲ့ရောဂါတစ်မျိုး ဖြစ်ပွားမှုနှုန်းက ၂၀၁၀ ခုနှစ်က စတင်ပြီး နှစ်ဆမြင့်တက်လာကြောင်း လန်ဒန် Moor Fileds မျက်စိ ဆေးရုံက ပရော်ဖက်ဆာ John Dart ကပြောပါတယ်။

ပရော်ဖက်ဆာရဲ့ပြောကြားချက်အရ အင်တာနက်ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူမှုဟာလည်း မြင့်တက်လာတာကိုတွေ့ရတယ်လို့ သိရပါတယ်။ မျက်ကပ်မှန် ရဲ့ သန့်ရှင်းမှုကို လူတွေအားလုံး သိဖို့လိုအပ်ပြီး မျက်စိနဲ့ ပတ်သက် တဲ့ရောဂါတွေ ဖြစ်လာရင် ဘယ်လို သိနိုင်မလဲဆိုတာတွေ က အရေးကြီးတယ်လို့ဆိုပါတယ်။

ကျောင်းသားကျောင်းသူတွေနဲ့ ငယ်ရွယ်သူတွေဟာ ပိုက်ဆံကို ချွေတာတဲ့ အနေနဲ့ အင်တာနက် ကနေ မျက်ကပ်မှန်တွေ ၀ယ်ယူကြပြီး သူတို့ဟာ မျက်ကပ်မှန်တွေကို စစ်ဆေးမှု မလုပ်ကြဘူးလို့သိရပါတယ်။အဲဒီ စစ်ဆေးမှုတွေ ဟာ မျက်စိ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တယ် လို့ ပရောဖက်ဆာက Dart ကပြောပါတယ်။ 

Ref:dailymail.co.uk
Trend

0 comments:

Post a Comment