မြန်မာအမျိုးသမီး ယူ ၁၉ အသင်း တတိယရရှိ


ထိုင်းနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ အာဆီယံ အမျိုးသမီး ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီးအသင်းက စင်ကာပူ အမျိုးသမီး ယူ၁၉ အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အုပ်စုပွဲတွေအပြီး အိမ်ရှင် ထိုင်းက ရမှတ် ၁၂ မှတ် နဲ့ ပထမ၊ ဗီယက်နမ်က မြန်မာနဲ့ ၇ မှတ် တူပေမယ့် ဂိုးကွာခြားချက် အသာနဲ့ အုပ်စုဒုတိယ ရရှိပြီး ထိုင်းနှင့် ဗိုလ်လုပွဲ ကစား ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ ပင်နယ်တီအထိ ကန်ခဲ့ရပြီး ထိုင်းအသင်းက ဗီယက်နမ် ကို ၅ – ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ရရှိခဲ့ပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment